Latest News

Thursday, December 14, 2017

အောင်မြင်မှုအကြောင်းတရားလားရာနဲ့ အင်္ဂလန်အသင်းတွေရဲ့ ချန်ပီယံလိဂ်ဇာတ်ခုံ

အောင်မြင်မှုအကြောင်းတရားလားရာနဲ့ အင်္ဂလန်အသင်းတွေရဲ့ ချန်ပီယံလိဂ်ဇာတ်ခုံ

ဥရောပအောင်မြင်မှုတွေနဲ့ ပရီမီယာလိဂ်အသင်းတွေဝေးကွာခဲ့တာဟာ  အတန်ကြာခဲ့ပြီလို့ဆိုရမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ မန်ယူအသင်းဟာ ယူရိုပါလိဂ်ဆုဖလားကို ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ တော့ ၂ဝ၁၂ ခုနှစ်က ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို နောက်ဆုံးရယူထားနိုင်ခဲ့တဲ့အသင်းလို့ပြောရမယ်။ အခုဒီနှစ်မှာတော့ ၁၆ သင်းရှုံးထွက် အဆင့်မှာ အင်္ဂလန်အသင်း ငါးသင်းအထိ ပါဝင်လာခဲ့တယ်။ ဒါဟာ  လက်ရှိဥရောပထိပ်တန်းလိဂ်တွေထဲမှာတော့ ပရီမီယာလိဂ်အသင်းတွေရဲ့ ပါဝင်မှုအများဆုံးလို့ ပြောရမယ်။ ဒါကြောင့် ဒီနှစ်ရာသီမှာတော့ ချန်ပီယံလိဂ်မှာ ပရီမီယာလိဂ်အသင်းတွေရဲ့ စိုးမိုးချိန် ပြန်ရောက်လာပြီး အင်္ဂလန်အသင်းတွေအနေနဲ့ အောင်မြင်မှုတွေ ရရှိလာမယ့်အချိန်လို့တောင် ပြောရမှာ  ဖြစ်ပါတယ်။ အခုလို ပြောရလောက်တဲ့အချက်တွေကလည်း အခိုင်အမာရှိနေတယ်လို့ ပြောရမှာပါ။

အသင်းပိုများခြင်း
ရိုးရိုးလေးပဲစဉ်းစားမယ်ဆိုရင် ပရီမီယာလိဂ်အသင်းတွေဟာ ၁၆ သင်းအဆင့်မှာ ပိုမိုပါဝင် ခဲ့တာကြောင့်  အောင်မြင်မှု ရာခိုင်နှုန်းကလည်း ပိုများတယ်လို့ ပြောရမယ်။ စပါးအသင်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ တွေ့ဆုံထားတာကြောင့် ပွဲကျပ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် မန်စီးတီး အသင်းက ဘေဆယ်အသင်းနဲ့တွေ့တာကြောင့်  ရှုံးထွက်အဆင့်ကနေ တက်ဖို့ကတော့ သေချာ သလောက်ရှိနေပြီလို့ပြောရမယ်။ လီဗာပူးအသင်းကတော့ ပေါ်တိုနဲ့တွေ့တာကြောင့် ဘာမဆို ဖြစ်နိုင်ပေမယ့်   မျှော်လင့်လို့ရတဲ့အခြေနေလို့  ပြောလို့ရတယ်။  ချယ်လ်ဆီးအသင်းကတော့ ဘာစီလိုနာနဲ့ဖြစ်တာကြောင့် ပွဲကျပ်တစ်ပွဲပါပဲ။ နောက်ဆုံးမန်ယူအသင်းကတော့ ဆီဗီလာနဲ့ တွေ့ဆုံထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဆိုစေကာမှု ပရီမီယာလိဂ်အသင်း ငါး သင်းစလုံး ၁၆ သင်းအဆင့်မှာ ထွက်သွားစရာတော့ မရှိနိုင်ပါဘူး။

အသင်းတိုင်းကအင်အားတောင့်တင်းခြင်း
၁၆ သင်းအဆင့်ကိုတက်လာခဲ့တဲ့ ပရီမီယာလိဂ် ငါးသင်းမှာ ချယ်လ်ဆီး တစ်သင်းထဲပဲ အုပ်စု ဒုတိယနဲ့တက်လာခဲ့ပြီး ကျန်လေးသင်းလုံးက အုပ်စုပထမနဲ့ တက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။  အသင်း ငါးသင်းလုံးက ဥရောပထိပ်တန်းအသင်းကြီးတွေတိုင်းနဲ့ ယှဉ်နိုင်တဲ့ အခြေအနေမှာ ကောင်းကောင်းရှိတယ်။ စပါးအသင်းဆိုရင်လည်း  ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ  ရီးရဲမက်ဒရစ် အသင်းကိုနိုင်ခဲ့သလို ဒေါ့မွန်အသင်းကိုလည်း အနိုင်ကစားခဲ့တာဖြစ်ပါတယ်။ မန်စီးတီး အသင်း ဆိုရင်လည်း နာပိုလီအသင်းကိုအနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဆိုရင်လည်း အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ နှစ်ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲ သရေရလဒ်ရှိခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ပရီမီယာလိဂ်အသင်းတွေဟာ ဥရောပရဲ့ဘယ်လိုထိပ်တန်း အသင်းမျိုးမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတာကတော့ သံသယဝင်စရာတောင်မလိုပါဘူး။

ဥရောပထိပ်တန်းအသင်းကြီးတွေနဲ့ အားနည်းမှု
ဥရောပထိပ်တန်းအသင်းကြီးတိုင်းဟာ အကောင်းဆုံး ရှိမနေပါဘူး။  ဘာစီလိုနာ  အသင်း ဆိုရင်လည်း အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရသလို နေမာကိုဆုံးရှုံးထား ပြီး အကောင်းဆုံးအစားထိုးနိုင်ခြင်းမရှိသေးဘူး။ ရီးရဲမက်ဒရစ်အသင်းဆိုရင်လည်း ဒီနှစ်ရာသီ မှာ ခြေစွမ်းပိုင်းကျဆင်းနေတယ်။ ဘိုင်ယန်မြူးနစ်အသင်းဆိုရင်လည်း အခြေအနေတွေ ဆိုးရွား နေခဲ့တာကြောင့် နည်းပြဟေးနက်ဇ်ရဲ့ အကူအညီနဲ့အတူ အခုမှ ပြန်လည် ဦးထောင်လာတာ လည်း ဖြစ်တယ်။ ဂျူဗင်တပ်စ်အသင်းကလည်း စီးရီးအေဆုဖလားကို ကာကွယ်ဖို့အတွက်အပြင်း အထန်   ကြိုးစားနေရ တယ်။       ပီအက်စ်ဂျီ အသင်းသာ ခြေစွမ်းပိုင်း နဲ့အတူ    တိုက်စစ်ပိုင်း အကောင်းဆုံးရှိနေတယ်လို့ ပြောရမယ်။       ဒါပေမယ့် တကယ့် ပြိုင်ပွဲရောက်လာမှသာ  သူတို့ရဲ့ အရည်အချင်းကို   ကြည့်ရမှာ လည်း ဖြစ်ပါတယ်။    ဒါပေမယ့်    ပရီမီယာလိဂ် အသင်းတွေရဲ့ အခွင့်အရေးကတော့ ကောင်းကောင်းရှိတယ် ဆိုတာက ထင်ရှားပါတယ်။

ကစားသမားကောင်းများရှိခြင်း
ပရီမီယာလိဂ် ငါးသင်းလုံးမှာ ထိပ်တန်းကစားသမားကောင်းတွေ အပြည့်ရှိနေတယ်လို့ ပြောရမယ်။ ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့ဆိုရင်လည်း  က္ဘာ့ခံစစ်အားအကောင်းဆုံးအသင်း တွေလို့ ပြောရမယ်။ ဒါ့အပြင် ဟာဇက်၊ ပေါ့ဂ်ဘာတို့ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို မြှင့်တင် နိုင်သလို မိုရာတာ၊ လူကာကူတို့လည်းရှိနေတယ်။ မန်စီးတီးအသင်းဆိုရင်တော့ ကစားသမား ကောင်းတွေကြွယ်ဝလွန်းတယ်။ စပါးအသင်းဆိုရင် လူငယ်ကစားသမားတွေနဲ့ ဟန်ချက်ညီညီ ကစားနေတာဖြစ်ပြီး ဟယ်ရီကိန်း၊ ဒါလီအလီတို့ကလည်း ဥရောပဇာတ်ခုံမှာတော့အသင်းတိုင်း ကစောင့်ကြည့်ရတဲ့ကစားသမားတွေ ဖြစ်တယ်။ လီဗာပူးအသင်းဆိုရင်လည်း  လက်ရှိပရီမီယာလိဂ် ရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဆာလတ်၊ မာနီ၊ ဖာမီနိုနဲ့ ကော်တင်ညိုတို့လည်း ရှိနေကြတယ်။

အကောင်းဆုံးမန်နေဂျာများ
ပရီမီယာလိဂ်မှာက က္ဘာ့အကောင်းဆုံးမန်နေဂျာတွေ ရှိနေတယ်။ မော်ရင်ညိုနဲ့ ဂွာဒီယိုလာ တို့နှစ်ဦးစလုံးဟာ ချန်ပီယံလိဂ်အောင်မြင်မှုတွေကို ရယူထားဖူးတဲ့ မန်နေဂျာတွေ ဖြစ်တယ်။   မန်နေဂျာ ဂျာဂျင်ကလော့ဆိုရင်လည်း ချန်ပီယံလိဂ်ဆုဖလားကို မရခဲ့ဖူးပေမယ့် နောက်ဆုံး ဗိုလ်လုပွဲအထိ ရောက်ခဲ့ဖူးတဲ့သူ ဖြစ်တယ်။  ကွန်တီဆိုရင်လည်း ချန်ပီယံလိဂ်မှာရလဒ်ကောင်း မယူနိုင်ခြင်းကို  အကောင်းဆုံးသက်သေပြဖို့  ကြိုးစားနေသူ  ဖြစ်တယ်။  ပိုချက်တီနိုကတော့ အသက်ငယ်တဲ့ မန်နေဂျာဖြစ်ပေမယ့် သူ့ရဲ့အရည်အချင်းတွေနဲ့ ဥရောပအကောင်းဆုံး နည်းပြ တစ်ဦးအဖြစ် ရပ်တည်နိုင်သူလည်းဖြစ်ပါတယ်။                                                     အောင်က

No comments:

Post a Comment