Latest News

Thursday, December 14, 2017

ဂါရတ်ဘေးလ်အား ရီးရဲတွင် ဆက်ရှိစေလိုသည်ဟု ရော်နယ်ဒိုပြော

ဂါရတ်ဘေးလ်အား ရီးရဲတွင် ဆက်ရှိစေလိုသည်ဟု ရော်နယ်ဒိုပြော

ရီးရဲမက်ဒရစ်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယာ နိုရော်နယ်ဒိုက   အသင်းဖော်ဖြစ်သူ   တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်အား ရီးရဲအသင်းတွင် ဆက်ရှိ နေစေရန်  ဆန္ဒရှိကြောင်း အရိပ်အြ>ွမက်ထုတ်ဖော်ပြောဆို လိုက်သည်။

၂ဝ၁၃ ခုနှစ်တွင် ဝေလကစားသမား ဂါရတ်ဘေးလ် သည် စပါးအသင်းမှ ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ လာစဉ်ကတည်းက ပေါ်တူဂီကစားသမား ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ အကြားတွင် ဆက်ဆံရေး မပြေလည်မှု များ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ရော်နယ် ဒိုက ''ရီးရဲမက်ဒရစ်အသင်းကို ပြီးပြည့်စုံတဲ့ အသင်းအဖြစ် ရှိနေစေချင်ပါတယ်၊  ဘင်ဇီမာ၊ ဂါရတ်ဘေးလ်တို့ပါ အပါ အဝင်ပေါ့၊ ဂါရတ်ဘေးလ်၊ ဘင်ဇီမာနဲ့ ကျွန်တော်တို့ရဲ့BBC တိုက်စစ်က အသစ်တစ်ဖန်ပြန်လည်ကောင်းမွန် လာမှာပါ''ဟု ပြောကြားခဲ့သည်။

အသက်  ၂၈  နှစ်အရွယ်ရှိ  တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃ဝ ရက်တွင် ရီးရဲမက်ဒရစ်အသင်းနှင့် ၂ဝ၂၂ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သူဖြစ်သည်။

တောင်ပံကစားသမား  ဂါရတ်ဘေးလ်အား ပရီမီယာ လိဂ်ထိပ်တန်း အသင်းတစ်သင်းဖြစ်သည့် မန်ယူနှင့် သူ၏ အသင်းဟောင်း စပါးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စား နေပြီး ရီးရဲမက်ဒရစ်အသင်းကလည်း ဒဏ်ရာ ပြဿနာများ မကြာခဏ ကြုံတွေ့နေရသူ ဂါရတ်ဘေးလ်အား ရောင်းထုတ်  သွားရန် လိုလားနေသည်ဟုဆိုသည်။ ဂါရတ်ဘေးလ်သည် ရီးရဲမက်ဒရစ်အသင်းသို့  ရောက်ရှိလာပြီးနောက် ဒဏ်ရာ ပြဿနာကြောင့်  ရက်ပေါင်း ၂၅ဝ  အနားယူခဲ့ရသည်။ ရီးရဲအသင်း တာဝန်ရှိသူများက ဂါရတ်ဘေးလ်၏ ပြောင်း ရွှေ့ကြေးအဖြစ် ပေါင် ၇၉ ဒသမ ၂ သန်း ရရှိရန် လိုလားနေ သည်ဟုဆိုသည်။                                        ထက်အောင်

No comments:

Post a Comment