Latest News

Thursday, December 21, 2017

ပင်လယ်ပြင်တွင် ကျားဖောင်များမျောပါ၍ ဖောင်လုပ်သားများ ပျောက်ဆုံး

ပင်လယ်ပြင်တွင် ကျားဖောင်များမျောပါ၍ ဖောင်လုပ်သားများ ပျောက်ဆုံ


ဖျာပုံ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု ခါး ပြတ်ကျေးရွာတွင်  ရေလုပ်ငန်းလုပ် ကိုင်နေသော ဦးအောင်ခင်(ခ)အညာ သား(ရွှေစင်ဖြိုးအလုပ်ရုံ) ပိုင်ဆိုင် သည့် ငါး၊ ပုစွန်ဖမ်းသည့်  အင်္ဂလန် ကျားဖောင် ၁၃ ဖောင်မှာ လေတိုက် ခတ်မှုကြောင့် ပင်လယ်ထဲမျောပါသွား ကြောင်း ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း တွင် သိရသည်။

ဒီဇင်ဘာ ၂ဝ ရက်   နံနက်ပိုင်းတွင် ဦးအောင်ခင်         ပိုင်ဆိုင်သည့် အင်္ဂလန်ကျားဖောင်  ခြောက်ဖောင် လေပြင်းတိုက်ခတ်မှုကြောင့် ကြိုးပြတ် ပြီး  မျောပါသွားကြောင်း၊ ကျားဖောင် တစ်ဖောင်လျှင်  အလုပ်သမားသုံးဦးစီ ရှိသောကြောင့် လူ ၁၈ ဦးပါ ပျောက် ဆုံးနေကြောင်း၊ နောက်ထပ် အင်္ဂလန် ကျားဖောင် ခုနစ်ဖောင်  ထပ်မံပျောက် ဆုံးသွားသဖြင့် အလုပ်သမား ၃၉ ဦး  ပျောက်ဆုံးလျက်ရှိကြောင်း  သိရ သည်။

နှစ်စဉ် လေပြင်းတိုက်ခတ်ချိန်များ တွင်   ကျားဖောင်များ  ကြိုးပြတ်ပြီး မျောပါတတ်ကြောင်း၊   ကမ်းစပ်သို့ ပြန်လည်ဆိုက်ကပ်တတ်ကြောင်းနှင့် ကမ်းကပ်ချိန်တွေ့ရှိပါက သက်ဆိုင်ရာ  သို့  အကြောင်းကြားပြီး ဖောင်နှင့် အလုပ်သမားများကို ဆယ်ထားပေး စေလိုကြောင်း၊ ယခုမျောပါနေသော ဖောင်များတွင် ရွှေစင်ဖြိုး အလုပ်ရုံ  အမှတ်အသားဖြစ်သောSZP  စာသားကို   ဖောင်အတွင်း  အလုပ် သမားများ  နေထိုင်သည့်   အိမ်ငယ် လေးများ၏ မြင်သာသည့်နေရာတွင် ရေးထားကြောင်း ပိုင်ရှင် ဦးအောင်ခင် က ပြောသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)

No comments:

Post a Comment