Latest News

Thursday, December 21, 2017

မန္တလေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်းကျော် ဝင်ရောက်အာဆီယံဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖိုရမ်များပြုလုပ်

မန္တလေးတိုင်းဒေသကြီးသို့   ကမ္ဘာလှည့်ခရီးသည်   လေးသိန်းကျော် ဝင်ရောက်အာဆီယံဒေသတွင်း   နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး    ဖိုရမ်များပြုလုပ်

မန္တလေး ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီးတွင်ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကမ္ဘာလှည့်ခရီးသွား   ဧည့်သည် ဝင်ရောက်မှုမှာ      ၄၃၅၂၈၈ ဦး          ရှိကြောင်း အဆိုပါ တိုင်းဒေသကြီး  ဟိုတယ်နှင့်      ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏မှတ်တမ်းများ အရ သိရှိရသည်။

''မန္တလေးတိုင်းဒေသကြီးက ယဉ်ကျေး မှု မြို့တော်ဖြစ်တဲ့အတွက် မန္တလေးကိုမဖြစ်မနေလာကြတယ်၊  ကျွန်တော်တို့ ဆီမှာ တခြားနိုင်ငံတွေထက် ထူးခြား တာက    ခရီးသွားရဲ့    ဆွဲဆောင်မှုTourism products  တွေက သူများ တွေက ဖန်တီးရတာ ကျွန်တော်တို့ဆီ မှာက ဖန်တီးစရာမလိုဘူး၊ သဘာဝ ပေးထားတဲ့ယဉ်ကျေးမှုအမွေအနှစ် တွေ ဓလေ့ထုံးတမ်းတွေရှိတဲ့အတွက် ခရီးသွားဧည့်သည်က  မဖြစ်မနေဝင် ရောက်လာတာရှိပါတယ်ဟု''အဆိုပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ယခုနှစ်    နိုဝင်ဘာလအတွင်း လအလိုက်   နိုင်ငံတကာ ခရီးသွားဝင် ရောက်မှု စာရင်းများအရ ဇန်နဝါရီ ၅၃ဝ၅၁ ဦး၊ ဖေဖော်ဝါရီ ၅၅၄၈၂ ဦး၊ မတ် ၄၅၅၉၂ ဦး၊ ဧပြီ ၂၇၄၉၆ ဦး၊ မေ၂၇ဝ၇၆ ဦး၊ ဇွန် ၂၇၃၆၅ ဦး၊ ဇူလိုင် ၃၂၄၃၂ ဦး၊ သြဂုတ် ၃၃၃ဝ၉ ဦး၊ စက်တင်ဘာ၂၉၆၇၂ ဦး၊ အောက် တိုဘာ ၄၂၇၄၆ ဦးနှင့် နိုဝင်ဘာ ၆၁ဝ၆၇ ဦးဝင်ရောက်ခဲ့ပြီး တရုတ်၊ ထိုင်း၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန် စသည့်     နိုင်ငံများအနက် အဆိုပါကာလအတွင်း တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်ခဲ့ကြောင်း   ၄င်း ဌာနမှ သိရသည်။

''နိုင်ငံခြားသားပိုမိုဝင်ရောက်နိုင် ရေးအတွက် အာဆီယံဒေသတွင်းနိုင်ငံ တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး ဖိုရမ် များ ပြုလုပ်နေပါတယ်၊ ဝန်ဆောင်မှု ပိုင်းကို မထိခိုက်စေဖို့ရယ် ဆက်စပ် ဧရိယာတွေမှာ    လူ့စွမ်းအားအရင်း  အမြစ်    ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဝန်ဆောင်မှုသင်တန်းတွေနဲ့    အသိ ပညာပေး     လုပ်ငန်းတွေလည်း  ဆောင်ရွက်နေပါတယ်ဟု'' အဆိုပါ လက်ထောက်  ညွှန်ကြားရေးမှူးက ဆက်လက်ပြောသည်။

ကမ္ဘာလှည့်ခရီးသွားများသည် မန္တလေးမြို့၏ ထင်ရှားသော ရှေး ဟောင်း ယဉ်ကျေးမှုနယ်မြေများ ဖြစ် သည့်    တောင်သမန်အင်း၊ ဦးပိန် တံတား၊ မဟာမုနိဘုရားကြီး၊ မြနန်း စံကျော်ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ မန္တလေးတောင်တော်စသည်တို့အပြင် မင်းကွန်း၊ အင်းဝနှင့် ပုဂံဒေသများသို့ အများဆုံးသွားရောက်လည်ပတ်ကြ ပြီးပြင်ဦးလွင်မြို့သို့လည်းအပန်းဖြေလည်ပတ်လျက်ရှိကြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သို့ နှစ်အလိုက် နိုင်ငံတကာခရီးသွား ဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂ဝဝ၉ ခုနှစ်တွင် ၆၄၃၇၇ ဦး၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇၅၇၂၇ ဦး၊ ၂ဝ၁၁ ခုနှစ် တွင် ၉၉ဝ၁၆ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၆ဝ၉၇၅ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃ဝ၆၄၃၂ ဦးနှင့် ၂ဝ၁၆ ခုနှစ်တွင် ၃၈၅ဝ၃၁ ဦးတို့ရှိကြောင်း ဟိုတယ် နှင့်  ခရီးသွားလာရေး ညွှန်ကြားမှုဦးစီး ဌာန စာရင်းများအရ သိရသည်။

 နဒီလှိုင်း

No comments:

Post a Comment