Latest News

Sunday, December 24, 2017

ငပလီကမ်းခြေရှိ အများပိုင် ဧရိယာအတွင်း ရောင်းချသော ဈေးဆိုင်ခန်းများ ဒီဇင်ဘာလကုန် အပြီးသတ် ဖယ်ရှားပေးရမည်

ငပလီကမ်းခြေရှိ အများပိုင် ဧရိယာအတွင်း ရောင်းချသော ဈေးဆိုင်ခန်းများ ဒီဇင်ဘာလကုန် အပြီးသတ် ဖယ်ရှားပေးရမည်

သံတွဲ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ဇီးကုန်းရပ်ကွက် ငပလီကမ်းခြေရှိ အများ ပိုင်ဧရိယာအတွင်း ရောင်းချ သော ဈေးဆိုင်ခန်းများကို ဒီဇင်ဘာ ၃ဝ ရက် နောက်ဆုံးထား အပြီးသတ်ဖယ်ရှား ပေးရမည်ဖြစ်ကြောင်း ငပ လီမြို့အုပ်ချုပ်ရေး မှူး ဦးကျော်သူလှိုင်ထံမှ သိရသည်။

ငပလီကမ်းခြေ အများပြည်သူပိုင် ဧရိယာအတွင်းရှိ ရောင်းချနေသောဆိုင်ခန်းများကို ဖယ်ရှားပေးရန် ပထမအကြိမ်အဖြစ် နိုဝင်ဘာ ၁၉ ရက်ကလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်ကလည်းကောင်း ဒု တိယအကြိမ် ဖယ်ရှားပေးရန် ငပလီမြို့အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အမိန့်စာထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊

 အများပြည်သူပိုင် ဧရိယာမှာ ၁၈၅ ဒသမ ၉၅ ပေရှိ အများပြည်သူပိုင်မြေကွက်၌ ကျူးကျော်ဆောက်လုပ်ထားသည့် စားေ သာက်ဆိုင်၊ ကုန်စုံဆိုင်အပါအဝင် ဖွင့်လှစ် ရောင်း ချနေသည့် ဆိုင်ခန်းပေါင်း ၂ဝ ကျော်ရှိပြီး ယင်းဆိုင်ခန်းများအား ဖျက်သိမ်းဖယ်ရှားပေးရန် အသိပေးထားကြောင်း သိရသည်။ ငပလီကမ်းခြေသည် ရှစ်မိုင်ကျော်ရှည်လျားပြီး ကမ္ဘာ့အလှဆုံးကမ်းခြေ ၂၅ ခုအတွင်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊

ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်အပန်းဖြေ နေသောကြောင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေ သဖြင့် အပန်းဖြေသူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ယင်းအတွက် အများပြည်သူပိုင် ဧရိယာအဖြစ် မူလအတိုင်းထားရှိနိုင်ရေး ဈေးဆိုင်ခန်းများကို အပြီးသတ် ဖယ်ရှားပေးရန် အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊

ယခု ဒုတိယအကြိမ် ထုတ်ပြန်ထားပြီး ဖယ်ရှားပေးခြင်း မရှိပါက တတိယအကြိမ် ထုတ်ပြန်၍ သက်ဆိုင်ရာဌာနများအား ပြန်တင်ပြပြီး ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ငပလီကမ်းခြေရှိ အများပိုင်မြေ ဧရိယာ အတွင်း ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်း ရောင်းစားထားမှုအပေါ် အရေးယူပေးရန်နှင့် ဈေးဆိုင်ခန်းများ ဖျက်သိမ်းပေးရန် ဒေသခံ ၇ဝ ကျော်က ဖေ ဖော်ဝါရီ ၂၇ ရက်က ဆန္ဒထုတ်ဖော်မှုတစ်ကြိမ် ပြုလုပ်ခဲ့သဖြင့် ရခိုင်ပြည်နယ် မြေယာစီမံခန့်ခွဲမှု အဖွဲ့၏ ညွှန်ကြားချက်များအရ အသိပေးစာများကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment