သန်လျင်၌ အသေးစားချေးငွေကုမ္ပဏီအား အမျိုးသား လေးဦးမှ ဓားရှည် ဓားမြှောင်များကိုင်ဆောင်ကာ ဝင်ရောက်ခြိမ်းခြောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်၊ မြရတနာ ၅ လမ်း၊ အသေးစားချေးငွေကုမ္ပဏီ၌ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်က အမျိုးသား ၄ ဦးမှ ဓားရှည်၊ ဓားမြောင်များကိုင်ဆောင်ဝှေ့ယမ်းပြီး အနုကြမ်းစီးဝင်ရောက်ကာ ဖုန်းနှင့်ငွေများလုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သန်လျင်မြို့၊ အေးသာယာရပ်ကွက်၊ မြရတနာ ၅ လမ်း၊ အသေးစားချေးငွေကုမ္ပဏီတွင် ရုံးခွဲမန်နေဂျာ မကလျာစု အသက် (၂၅) နှစ၊် မြရတနာ ၅ လမ်း၊ မြရတနာအိမ်ယာ၊ အေးသာယာရပ်ကွက်၊ သန်လျင်မြို့နေသူနှင့် မတင်ဇာမိုး (လက်ထောက်မန်နေဂျာ)၊ မကေဇာဝင်းလှိုင် (ဖွံ့ဖြိုးရေးအရာရှိ)၊ မအိမေသူဘို (ဖွံ့ဖြိုးရေးအရာရှိ)၊ ရဲနောင်နောင် (ဖွံ့ဖြိုးရေးအရာရှိ)၊ ဝေယံဦး (ဖွံ့ဖြိုးရေးအရာရှိ)၊ ဒေါ်မြင့်ခိုင် (ရုံးအကူ)တို့နှင့်အတူ ကုမ္ပဏီအလုပ်ကိစ္စများဆောင်ရွက်နေကြစဉ် အမည်မသိ အမျိုးသား အသက် (၃၅) နှစ်မှ (၄၀) နှစ်ခန့်ရှိ ၄ ဦးက ကုမ္ပဏီရုံးခန်းအတွင်းသို့ ဓားရှည်၊ ဓားမြောင်များကိုင်ဆောင်၍ ဝင်ရောက်လာကြပြီး ဓားဖြင့်ဝှေ့ယမ်းကာ တစ်ယောက်မှမလှုပ်နဲ့ဟုပြောဆိုပြီး အမည်မသိ အမျိုးသား ၂ ဦးမှ ရဲနောင်နောင်အား ဓားဖြင့်ထောက်ကာ ရုံးဝန်းထမ်းများကိုင်ဆောင်သော ဆင်းကဒ်ပါ I Phone အဖြူရောင် ၁ လုံး၊ SAMAUNG အဖြူရောင် ၁ လုံး၊ HONOR အဖြူရောင် ၁ လုံး၊ HUAWEI အဖြူရောင် ၁ လုံး၊ ဆင်းကဒ်ပါ ရုံးသုံး LENOVO တပ်ပလတ် အဖြူရောင် ဖုန်း ၂ လုံးနှင့် ငွေသွင်း ငွေထုတ်ပြုလုပ်သည့် ပိုက်ဆံ မြန်မာ ငွေစက္ကူရောရာ (၆၈၁၅၁၅၀) ကျပ်အား ငွေကောင်တာမှ ယူဆောင်သွားကာ ရုံးခန်းအတွင်းမှ ထွက်သွားကြပြီး ရဲနောင်နောင် (ဖွံ့ဖြိုးရေးအရာရှိ) တွင် ၄င်းတို့၏ဓားဖြင့်အထောက်ခံထားရမှုကြောင့် အင်္ကျီစုတ်ပြဲကာ ဘယ်ဘက်လက်ပြင်ပွန်းခြစ်ဒဏ်ရာ ရရှိခဲကြောင်းသိရသည်။
အဆိုပါ ဓားရှည်၊ ဓားမြောင် လက်နက်များဖြင့် ရပ်ကွက်အတွင်းဝင်ရောက်ခြိမ်းခြောက် အနုကြမ်းစီးလုယက်မှုအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်ထားရှိပြီး အနုကြမ်းစီးလုယက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သက်ခိုင် (သန်လျင်)
Wednesday, December 20, 2017
သန်လျင်၌ အသေးစားချေးငွေကုမ္ပဏီအား အမျိုးသား လေးဦးမှ ဓားရှည် ဓားမြှောင်များကိုင်ဆောင်ကာ ဝင်ရောက်ခြိမ်းခြောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
သန်လျင်၌ အသေးစားချေးငွေကုမ္ပဏီအား အမျိုးသား လေးဦးမှ ဓားရှည် ဓားမြှောင်များကိုင်ဆောင်ကာ ဝင်ရောက်ခြိမ်းခြောက် အနုကြမ်းစီး လုယက်မှုဖြစ်ပွား
Reviewed by Ar Ti
on
2:05 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment