ကျိုက်ထီးရိုးတောင်က ကေဘယ်ကားဖွင့်ပွဲလုပ်ပြီး သုံးနာရီအကြာတွင် ပျက်စီးရခြင်းမှာ ဘုရားဖူးများလုတက်မှုကြောင့် ဟုဆို
ကျိုက်ထီးရီုးတောင်က ဘေကယ်ကားများ ဖွင့်ပွဲ လုပ်ပြီး သုံးနာရီ အကြာတွင် ပျက်စီးရခြင်းမှာ ဘုရားဖူးပြည်သူများ၏ တိုးဝှေ့ လုတက်မှုကြောင့်ဟု Sky Asia ကုမ္ပဏီရဲ့စီမံကိန်းအကြံပေးဦးမျိုးဝေကပြောကြားသည်။
“တံခါးအဖွင့်အပိတ်ပျက်စီးသွားလို့အဲသည်နေ့၁၂း၀၀နာရီမှာပဲကေဘယ်ကားတွေရပ်လိုက်ရပါတယ် ဝန်ကြီးချုပ်စဖွင့်ပြီးတော့ဘုရားဖူးတွေတွဲပေါ်ကိုအလုအယက်တက်ကြတယ် တစ်ယောက်စာတံခါးပေါက်ကိုလုတတ်ကြတော့အခုလိုဖြစ်သွားတယ်စက်ပိုင်းဆိုင်ရာတော့ဘာမှမဖြစ်ဘူး”ဟု ၄င်းကပြောသည်။
အဆိုပါ ကေဘယ်ကားကို ဒီဇင်ဘာ၁၅ရက်မနက်ကိုးနာရီတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနဲ့မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီးသုံးရက်ခန့် ရပ်နားလိုက်ရပြီး ဒီဇင်ဘာလ(၁၉)ရက်နေ့ တွင် ပြန်လည်ပြေးဆွဲနိုင်ခဲ့ သည်။
ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်းကိုကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေ၁၃့၅ဧကမှာပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနကနေနှစ်၇၀စာချုပ်နဲ့ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။
ပြေးဆွဲမယ့်ကားအစီးအရေအတွက်၄၄လုံးရှိပြီး၎-၃တွဲပြေးဆွဲမယ်၁တွဲကအရန်အဖြစ်ထားရှိပြီးတစ်စီးကိုလူရှစ်ယောက်စီးနင်းနိုင်မှာဖြစ်သလိုမြန်မာနိုင်ငံသားတစ်ဦးက်ုစီးနင်ခကျပ်၄၀၀၀နှင့်နိုင်ငံခြားသားတစ်ဦးကို၁၀ဒေါ်လာအကြမ်းဖျင်းသတ်မှတ်ထားပြီးiKBZရဲ့အာမခံပါပါဝင်ကြောင်းသိရသည်။
ကျော်လင်းနိုင်
Wednesday, December 20, 2017
ကျိုက်ထီးရိုးတောင်က ကေဘယ်ကားဖွင့်ပွဲလုပ်ပြီး သုံးနာရီအကြာတွင် ပျက်စီးရခြင်းမှာ ဘုရားဖူးများလုတက်မှုကြောင့် ဟုဆို
ကျိုက်ထီးရိုးတောင်က ကေဘယ်ကားဖွင့်ပွဲလုပ်ပြီး သုံးနာရီအကြာတွင် ပျက်စီးရခြင်းမှာ ဘုရားဖူးများလုတက်မှုကြောင့် ဟုဆို
Reviewed by Ar Ti
on
2:09 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment