Latest News

Sunday, December 24, 2017

အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို၂ဝ၁၈ ခုနှစ်တွင် ကျင်းပရန်စီစဉ်

အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို၂ဝ၁၈ ခုနှစ်တွင် ကျင်းပရန်စီစဉ်

Photo - ONE CHAMPION SHIP
MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်၏ ချန်ပီယံဆုကာကွယ်ပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဇေသီဟထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်ကို လက်ရှိအချိန်ထိ မရွေးချယ်ရသေးကြောင်း ဦးဇေသီဟက ပြောသည်။ အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန်လက ရန်ကုန်မြို့၌ကျင်းပသည့် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင် ယူကာ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့သည်။

''အောင်လရဲ့ ချန်ပီယံ ကာကွယ်ပွဲကို ရန်ကုန်မှာပဲ ကျင်းပဖြစ်မှာပါ။ နေရာတော့ သေချာ မသတ်မှတ်ရသေးပါဘူး။ သုဝဏ္ဏအားကစားရုံပဲ ဖြစ်ဖို့များပါတယ်။ အောင်လနဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကိုလည်း ရွေးချယ်နေတုန်းပဲ ရှိပါသေးတယ်။ အခုထိ မဆုံးဖြတ်ရသေးပါဘူး။

သိတာနဲ့ ကြေညာပေးပါ့မယ်''ဟု ဦးဇေသီဟကပြောသည်။ မြန်မာနိုင်ငံ၌ အောင်လအန်ဆန် ချန်ပီယံကာကွယ်ပွဲပါဝင်မည့် MMA ပြိုင်ပွဲတစ်ပွဲသာ ကျင်းပမည် ဖြစ်သည်။ အသက် ၃၂ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲယှဉ်ပြိုင်ရာ ၂၁ ပွဲနိုင်၊ ၁ဝ ပွဲရှုံးနိမ့် ထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment