Latest News

Sunday, December 24, 2017

ဖားကန့်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဒဏ်ရာရရှိမှု

ဖားကန့်မြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဒဏ်ရာရရှိမှု

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ၁၄၃၀ အချိန် ဖားကန့်မြို့နယ်၊ လော့ဂျာကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ ဦးမြင့်အောင်၊ (၅၁)နှစ်သည် မီးသွေးဖုတ်ရန်အတွက် ထင်းများရှာဖွေရန် ထွက်ခွာလာစဉ် KIA သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် ဦးမြင့်အောင်တွင် ယာခြေသလုံးပေါက်ထွက်၊ ဝဲပေါင်ပေါက်ပြဲ၊ ယာပေါင် မိုင်းစထိမှန်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကာမိုင်းမြို့တိုက်နယ်ဆေးရုံမှ မြစ်ကြီးနား ဆေးရုံသို့ လွှဲပြောင်း တင်ပို့ကုသ လျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဋ္ဌာန မှ သတင်းထုတ်ပြန်ထားသည်။

Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment