Latest News

Sunday, December 24, 2017

ကာကွယ်ရေးဦးစီးချုပ်နှင့်တိုင်းမှူး သုံးဦးအပါအဝင် မြန်မာခေါင်းဆောင်ပိုင်းများ ကို ထပ်မံအရေးယူပိတ်ဆို့ရန် အမေရိကန်ပြင်ဆင်လျှက်ရှိ

ကာကွယ်ရေးဦးစီးချုပ်နှင့်တိုင်းမှူး သုံးဦးအပါအဝင် မြန်မာခေါင်းဆောင်ပိုင်းများ ကို ထပ်မံအရေးယူပိတ်ဆို့ရန် အမေရိကန်ပြင်ဆင်လျှက်ရှိ

ရိုဟင်ဂျာမွတ်စလင်တို့အပေါ် လူမျိုးသုတ်သင်မှု့အတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတစ်ဦးအား နာမည်ပျက်စာရင်းထည့်သွင်းပြီးနောက် အခြားတာဝန်ရှိသူများအား ထပ်မံအရေးယူရန် ချိန်ဆလျှက်ရှိကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနက ပြောကြားသည်ဟု Bangkok သတင်းစာက ယမန်နေ့ ရေးသားသည်။

ဒေါ်နယ်ထရမ့်အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာပြဌာန်းချက်နှင့်ညီညွတ်ခြင်းမရှိသည့် ကမ္ဘာအ၀ှမ်းလူပုဂ္ဂိုလ် ၁၃-ဦးတို့အား ပိတ်ဆို့အရေးယူခဲ့ရာ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသယ်အစုအပုံလိုက်ထွက်ပြေးရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မောင်မောင်စိုး၏ အမည်ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှရေးရာ ပြောခွင့်ရပုဂ္ဂိုလ် ကက်နာအဒမ်ကပြောဆိုရာ၌ လူမျိုးသုတ်သင်မှု့နှင့် ရက်စက်ကြမ်းကြုတ်မှု့ကို ဖြစ်စေသည့် အခြားသောတာဝန်ရှိသူတို့ကိုလည်း အမေရိကန်၏ နိုင်ငံတကာတရားဥပဒေအညီဆက်လက်အရေးယူရန် သုံးသပ်လျှက်ရှိကြောင်းဖော်ပြသည်

ရိုဟင်ဂျာ လူ ၆’၀၀၀- ခန့်အသတ်ခံရပြီး ထောင်ချီမက အဓမ္မပြုကျင့်၊ ရိုက်နှက်၊ အတင်းအကြပ်ရွှေ့ပြောင်းခံကြရရာ ဗိုလ်ချုပ်မာင်မောင်စိုး တစ်ဦးတည်းကသာ ကျုးလွန်ခြင်းမဟုတ်ဘဲ အခြားစစ်အရာရှိများလည်း ၄င်းတို့ပါဝင်ပတ်သက်ခဲ့သည့်အလျှောက် အရေးယူရမည်မှာ အမေရိကန်ပြည်ထောင်စု၌ ၀တ္တရားရှိကြောင်း နယူးယောက် ဒီမိုကရက်တစ်အမတ် ဂျိုးခရိုလီက ပြောဆိုသည်။

နေပြည်တော် အထူးစစ်ဆင်ရေးအဖွဲ့အား ပိတ်ဆို့အရေးယူရာတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င်၊ အရပ်သားများအပေါ် အလွဲသုံးစားကျူးလွန်သည့် ရခိုင်ပြည်နယ် ဗိုလ်ချုပ်မောင် မောင်စိုး၊ မြောက်ပိုင်းကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းမှူး ၃-ဦးတို့လည်း ပါဝင်သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

မြန်မာအစိုးရသည် ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းလေ့လာသူအား တားဆီးခြင်းဖြင့် အစုအပုံလိုက်ရက်စက်ကြမ်းကြုတ်မှု့အား မမြင်နိုင်အောင် ကာကွယ်လျှက်ရှိသဖြင့် ပိတ်ဆို့အရေးယူမှု့များပိုမိုပြုလုပ်ရန် ထောက်ခံကြောင်း အိုရီဂွန်ပြည်နယ်အမတ် ဂျက်ဖ်မတ်ခ်လေးက ပြောကြားသည်ဆို၏။

မြန်မာအစိုးရက လူ့အခွင့်အရေးဖောက်ဖျက်သည်ဟု စွပ်စွဲချက်များအား ပယ်ချထားပြီး မြန်မာ့တပ်မတော်မတော်ကလည်း သြဂုတ်လ ယိုလိမ်ညာစစ်သွေးကြွတို့တိုက်ခိုက်မှု့အား တုန့်ပြန်သည်မှအပ အရပ်သားများ အပေါ် ပစ်မှတ်ထားခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

အကူအညီပေးရေးအဖွဲ့စည်းဖြစ်သော နယ်စည်းမခြားဆရာဝန်များအဖွဲ့က (ရခိုင်ပြည်နယ်၌) ဖြိုခွင်းစဉ် ပထမတစ်လအတွင်း သေဆုံးသူ ရိုဟင်ဂျာ အရပ်သား ၆’၇၀၀ အနည်းဆုံးရှိကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။

Ref ; Bang Kok Post

Htay Oung

No comments:

Post a Comment