Latest News

Monday, December 4, 2017

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဒီမိုကရေစီ နည်းလမ်းတစ်ကျပွင့်လင်းမြင်သာစွာ ဖွဲ့စည်းရွေးချယ်နေသည်ဟုဆို

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဒီမိုကရေစီ နည်းလမ်းတစ်ကျပွင့်လင်းမြင်သာစွာ ဖွဲ့စည်းရွေးချယ်နေသည်ဟုဆို

ပေါင်၊ ဒီဇင်ဘာ၊ ၎

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၅၇ အုပ်စုရှိသည့် အနက် တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ ရွေးချယ်ရာတွင် ဒီမိုကရေစီနည်းလမ်းကျစွာ ဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကြီးကြပ်ဖွဲ့စည်းရွေးချယ်နေကြောင်း မြို့နယ် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 " နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံး အုပ်ချုပ်ရေးမှူးအသစ် ရွေးတဲ့ အခါမှာ ပွင့်လင်းမြင် သာဖို့နဲ့ တရားမျှတဖို့က အရေးကြီးပါတယ်။ ကျေးရွာ ၁ အုပ်စုမှာ ဆိုရင် ကြီးကြပ်ရေးမှူး ၅ ဦးပါတဲ့ အဖွဲ့အဖြစ်နဲ့ ဖွဲ့စည်းပါတယ်။ရွေးချယ်ခံထားရတဲ့ သူတွေကို သင်တန်းပြန်လည် ပို့ချပေးသွားမှာပါ။ဒါမှလည်း သူတို့က ဘယ်လို လုပ်ရမ လည်းဆိုတာ နားလည်လာမယ်လေ။ ဒ့ါအပြင် အများပြည်သူတွေရဲ့ ကိုယ်စား လုပ်ဆောင်ရမှာဆိုတော့ ရွေးချယ်ခံတဲ့သူ ကိုယ်တိုင်ကလည်း ပြုလုပ်လိုတဲ့ ဆန္ဒ အပြည့်အ၀ရှိဖို့လိုပါတယ်" ဟု ၄င်းက ပြောသည်။
အဆိုပါရွေးချယ်မှုနှင့်ပတ်သတ်၍အုန်းတပင်ကျေးရွာမှ ကြီးကြပ် ရေးမှူး ၀င်ရွေးခံသူ တစ်ဦးက "ကျွန်တော့်ဆန္ဒအရ ခုလိုဝင်ရွေးချယ်ခံတာပါ။ဘယ်အဖွဲ့အစည်းမှ ကိုယ်စားပြု မဟုတ်ပါဘူး။ကိုယ့်ရပ်ရွာ ကောင်းကြိုးအတွက် ကိုယ်တတ်နိင်တဲ့အားနဲ့ လုပ်ပေးချင်တဲ့ ဆန္ဒတစ်ခုပါဘဲ"ဟုဆိုသည်။

နိုဝင်ဘာ တတိယအပတ်မှစတင်ကာ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကျေးရွာအုပ်စု ၁၂ အုပ်စုခန့် ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

 ကြီးကြပ်ရေးအဖွဲ့ကို ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းကာ မြို့နယ်အတွင်းရှိ ဥပဒေအသစ်ဖြင့် ရွေးချယ်ပြီးသည့် ( ၇ )ရွာမှအပ ရပ်ကွက်/ကျေးရွာများသို့ ဒီဇင်ဘာလ ၉ ရက်နေ့အပြီး ရွေးချယ်သွားမည်ဖြစ်ပြီး ရပ်ကွက်/အုပ်ချုပ်ရေးမှူးများကို ဇန်န၀ါရီလ ၃၁ ရက်နေ့အပြီး ရွေးချယ် သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှသိရသည်။

ဟံသာနွန်

No comments:

Post a Comment