ကသာ ထီးချိင့်သွားကားလမ်းတွင်ယာဉ်တစ်စီးတိမ်း
မှောက်တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့နယ်ကသာ - ထီးချိုင့်သွားကားလမ်းတွင်ယာဉ်တစ်စီးတိမ်းမှောက်သွားရာတစ်ဦးသေဆုံးပြီးလေးဦးဒါဏ်ရာရရှိသွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၅၊၁၂၊၁၇ ရက်နေ့( ၁)နာရီအချိန်ခန့်တွင်ကသာ ထီးချိုင့်သွားကားလမ်းတွင်ယာဉ်တစ်စ်ီးတိမ်းမှောက်နေကြောင်းသတင်းအရကသာမြို့နယ်၊သံပရာရဲကင်းစခန်းမှူးရဲအုပ်စိုးအောင်နှင့်ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာကျောက်ပုံကျေးရွာနှင့်သံပရာကျေးရွာကြားမိုင်တိုင်အမှတ် ၁၈၁/၅တွင်ယာဉ်မောင်းသန်းအောင်ဆိုသူမောင်းနှင်လာသော IF/---- MDY PAGERO ယာဉ်မှာအရှိန်မထိမ်းနိုင်ဘဲလမ်းဘေးကမ်းပါးရံတိုက်မိပြီး
တိမ်းမှောက်သွားရာယာဉ်ပေါ်ပါကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ကရင်ချောင်ကျေးရွာနေမခင်မြင့်ကြည်ဆိုသူမှာအခင်းဖြစ်နေရာတွင်သေဆုံးသွားပြီးဖားကန့်မြို့နယ်ကရင်ချောင်ကျေးရွာနေယာဉ်မောင်းသန်းအောင်၊မလဲ့လဲ့ဝင်းခိုင်၊စိုးလွင်ဦးနှင့်မနေမာခင်တို့မှာဒဏ်ရာများရရှိသွားသဖြင့်ကသာဆေးရုံသို့တင်ပို့ထားပြီးယာဉ်မောင်းအားက
သာမြို့မရဲစခန်းမှဥပဒေအရအရေးယူဆောင်ထားကြောင်းရဲအုပ်စိုးအောင်မှပြောပြသိရှိရသည်။
Sources; (လူအောင်ကသာ)မြန်မာ့အလင်
း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment