Latest News

Friday, December 22, 2017

မိုး​ကောင်းဘူတာနှင့်​ နမ္မတီးဘူတာကြား အမှတ်​(၉၃၃)အဆန်​ကုန်​တင်​ရထားတိမ်း​မှောက်​မှုဖြစ်​ပွား

မိုး​ကောင်းဘူတာနှင့်​ နမ္မတီးဘူတာကြား အမှတ်​(၉၃၃)အဆန်​ကုန်​တင်​ရထားတိမ်း​မှောက်​မှုဖြစ်​ပွား


မိုးကောင်း ဒီဇင်ဘာ ၂၂

ကချ င်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းဘူတာနှင့်နမ္မတီးဘူတာအကြားတွင်ဒီဇင်ဘာ၂၁ရက်နေ့ ည ၉နာရီ ၄၀မိနစ်အချိ န်ကအမှတ်(၉၃၃)အဆန်ကုန်​တင်ရထားတစီး တိမ်းမှောက်ခဲ့သဖြင့်ရထားသံလမ်းများပျ က်စီး ခဲ့​ကြောင်းသိရသည်​ ။

စုံစမ်းသိရှိရသည်မှာမြန်​မာ့မီးရထား အမှတ်​(၁) တိုင်း၊ မိုး​ကောင်းဘူတာနှင့်​ နမ္မတီးဘူတာ အကြားတွင်စက်ခေါင်းမောင်ဦးခင်မောင်ကြည်
မောင်းနှင်လာသောအမှတ်(၉၃၃)အဆန်​ ကုန်​ရထားသည်မိုင်တိုင်အမှတ်(689/6)နှင့်(689/9)အကြားတွင်မ​တော်​တဆမှုဖြစ်​ပွား​ကာတိမ်းမှောက်ခဲ့သဖြင့်စက်ခေါင်းတွဲ၏နောက်(၇)တွဲမြောက်ဖြစ်သော(GBHAH 40868)သည်တွဲဘီး(၂)ဘီးချော်ကျ ပြီး(GBHAH 40826/GBHAH 40835/GBHAH 40855)တို့ မှာညာဘက်သို့ လဲကျ ခဲ့ ကာ(GBHAH 40861)မှာညာဘက်သို့ (၄၅)ဒီဂရီတိမ်းစောင်းသွားခဲ့သည်။

ထိုသို့ ကုန်ရထားမတော်တဆဖြစ်ပွါးခဲ့သဖြင့် မီးရထားသံလမ်း(၄)ဆက်ပျ က်စီးခဲ့ရပြီးရထား လမ်းပိတ်ဆို့ မှု ဖြစ်ပွါးခဲ့သဖြင့်မြန်မာ့မီးရထားမှတာဝန်ရှိသူများမှခရီးသည်များသွားလာမှု အဆင်ပြေစေရန်အတွက်အချိ န်နှင့်တပြေးညီဆောင်ရွက်ခဲ့ပေရာရထားများအချိ န်ဟြေင်းလဲပြေးဆွဲပေးမည်ဖြစ်ပြီးအမှတ်(၄၂)အစုန်လူစီးရ
ထားနှင့်အမှတ်(၅၈)အစုန်လူစီးရထားခရီးစဉ်များ ကိုဒီဇင်ဘာလ(၂၂)ရက်နေ့တွင်ပြေးဆွဲခြင်း မပြု ဘဲ​ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။

နီတိုး(MMAL)

No comments:

Post a Comment