အရွယ်မရောက်သေးသည့် ကျောင်းသူအား ကျောင်းဆရာမယောင်္ကျားက သားမယားပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား
တောင်းတွင်းကြီးမြို့တွင် အရွယ်မရောက်သေးသည့်ကျောင်းသူအား ကျောင်းဆရာမယောင်္ကျားက သားမယားပြု ကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ခြင်း နှင့်ပက်သက်၍ ကျောင်းသူမိခင်မှ သားမယားပြုကျင့်ရန်ကြံစည်ခဲ့သော အမျိုးသားအား ဒီဇင်ဘာ(၁၂)နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ တောင်တွင်းကြီး မြို့နယ်နေ ဒေါ်ခင်လဲ့(ခ)ဒေါ်ပု၊၄၄နှစ်သည် ဒီဇင်ဘာ(၈)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တောင်ပြင်(၁)ရပ်ကွက်ရှိ နေအိမ် တွင်ရှိနေစဉ် အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့် မှ ကျောင်းသို့ ခေတ္တလာရောက်ရန် ဖုန်းဆက်ခေါ်၍ သွားရောက်ခဲ့ရာ ၎င်းနေ့ မွန်းလွဲ(၁)နာရီ(၁၀)မိနစ်အချိန်ခန့်က အထက(၁)တွင် ကျောင်းတက်နေသူ ၎င်း၏သမီးဖြစ်သူမ-----၊၁၂နှစ်၊(၆)တန်းကျောင်းသူအား အလယ်တန်းပြဆရာမဒေါ်ရီရီမြင့်၏ ခင်ပွန်းဦးမောင်မောင်ကျော် ကျောင်းဈေးရောင်းသည့် ခုံအား နေအိမ်သို့ပို့ခိုင်းခဲ့ရာတွင် ဦးမောင်မောင်ကျော်၊၅၃နှစ်၊တောင်ပြင်(၁)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနေသူနှင့် နေအိမ်တွင် တွေ့ရှိစဉ် မ-----၊၁၂နှစ်အား မုန့်ဘိုးပိုက်ဆံပေးမည် အိမ်ပေါ်သို့တက်ခဲ့ဟုလှမ်းခေါ်သဖြင့် အိမ်ပေါ်သို့ တက်သွားရာ ဦးမောင်မောင်ကျော်မှ အိမ်တံခါးမကြီးပိတ်၍ မ------၊၁၂နှစ်၏လုံခြည်အားဆွဲချွတ်စဉ် ရုန်းကန်စောင့်တွန်း၍ ထွက်ပြေးခဲ့ ရကြောင်း၊ မ------၊၁၂နှစ် ထွက်ပြေးလာသည်ကို မူလတန်းပြဆရာမ ဒေါ်ကြည်ကြည်အုံး မှ တွေမြင်၍ ခေါ်ယူမေးမြန်းပြီး ကျောင်းအုပ်ဆရာမကြီးထံ တင်ပြခဲ့ကြောင်း၊ ကျောင်းအုပ် ဆရာမကြီး မှ ဒေါ်ခင်လဲ့အား ခေါ်ယူ၍ ဖြစ်စဉ်အား ပြောပြခဲ့သဖြင့် သမီးဖြစ်သူအားမေးမြန်းခဲ့ရာ ၎င်းကိစ္စမှာ ဟုတ်မှန်ကြောင်း နှင့် ယခင်(၅)တန်းနှစ် နေ့ရက်မမှတ်မိကလည်း ဦးမောင်မောင်ကျော် မှ ၎င်း၏နေအိမ်တွင် မ------အား ပေါင်ပေါ်တွင်ထိုင်ခိုင်းပြီး ရင်သားများကိုင်၍ ဖက်နမ်းခဲ့ကြောင်း ပြောပြသိရှိ ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ သမီးဖြစ်သူမ-----၊၁၂နှစ်အား သားမယားအဖြစ်ပြု ကျင့်ရန်ကြံစည်သူ ဦးမောင်မောင်ကျော်အား အရေးယူပေးရန် ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ဒေါ်ခင်လဲ့(ခ)ဒေါ်ပု မှ တရားလိုပြု တိုင်ကြားခဲ့၍ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး လျှက်ရှိကြောင်းသိရသည်။
kyawzayya
Subscribe to:
Post Comments (Atom)
No comments:
Post a Comment