Thursday, December 14, 2017
ရိုက်တာ သတင်းးထောက် နှစ်ဦး အဖမ်းခံရသည့် ကိစ္စ
ရန်ကုန်ရှိ ရိုက်တာ သတင်းဗြူရိုမှ သတင်းထောက် နှစ်ဦး ဖြစ်သော ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးအား သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့သဖြင့် ၁၉၂၃ ခုနှစ် နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ နဲ့ အရေးယူမှာ ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
၎င်းတို့နှစ်ဦးအား မင်္ဂလာဒုံ အမှတ် (၃) ဗဟို လမ်းမကြီးနဲ့ နီလာလမ်းထောင့်မှာ အင်္ဂါနေ့ ည ၁၁:၃၀
က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဒီကိစ္စအပေါ် ရိုက်တာ သတင်းဌာနက ဒေါသတကြီး တုန့်ပြန်ပြီး သတင်းစာ လွတ်လပ်ခွင့်ကို တမင်တကာ တိုက်ခိုက်မှု အဖြစ် ရှုတ်ချလိုက်ပါတယ်။
အမေရိကန် သံရုံး ကလည်း "လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း" နဲ့ ဒီမိုကရေစီ အောင်မြင်ဖို့ ရာမှာ
ဂျာနယ်လစ်တွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးသင့်ကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။
၎င်းတို့ နှစ်ဦးက ရခိုင်ပြည်နယ်မှ တာဝန်ကျ ပြန်လာသော လုံခြုံရေး တပ်ဖွဲ့ဝင်များထံ ချည်းကပ်ပြီး သတင်း အချက်အလက်တွေ ရယူဖို့ ကြိုးစား နေတာ ဖြစ်တဲ့ အတွက် နိုင်ငံတော်အတွက် အရေးကြီးလျို့ဝှက်
စာရွက်စာတမ်း များ နဲ့ အတူ ဖမ်းဆီးခဲ့တယ်လို့ အစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။
သို့သော်လည်း ယခုလို ညကြီးအချိန်မတော် လူပြတ်သည့်နေရာတွင် လမ်းလျောက်နေစဉ် အဖမ်းခံရတာ
ဖြစ်တဲ့ အတွက် နောက်ယောင်ခံ လိုက်ပြီး ဖမ်းတယ်ဆိုတာတော့ ထင်ရှားပါတယ်။
အခုလို ပြည်ပ သတင်းဌာနများက ရခိုင်ပြည်နယ် အရေး နဲ့ ပါတ်သက်ပြီး ဆော်ပလော်တီးနေကြတဲ့ အချိန်မှာ ၎င်းတို့ ကြားချင်တဲ့ သတင်းများ ရရှိဖို့ သတင်းထောက်တွေအနေနဲ့ ကြံဖန်ပြီး ရအောင် သတင်းနှိုက်ယူနေရတဲ့ ရင်းက အခုလို အခြေအနေမျိုး အထိ ရောက်ကုန်ကြရတာ ဖြစ်တယ်လို့ ယူဆရပါတယ်။
ပြည်တွင်း သတင်းထောက်တွေ အားလုံးက ရိုဟင်ဂျာ သောင်းကျန်းသူများ က ရဲကင်းစခန်းများကို တိုက်
ခိုက်ခံရမှုနဲ့ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ ဘာသာဝင်များ အား တိုက်ခိုက်မှုကိုသာ ဇောင်းပေးရေးသားနေကြတယ်လို့ ပြည်ပ စာနယ်ဇင်းတွေက စွပ်စွဲထားမှုတွေလည်း ရှိနေပါတယ်။ မြန်မာ သတင်းထောက်တွေကိုလည်း patriotic to a fault (လွန်စွာမှ မျိုးချစ်စိတ် ထက်သန်မှု) လို့ ကင်းပွန်းတပ်ခဲ့ကြပါတယ်။
သို့သော် ပြည်ပ သတင်းဌာနများ အတွက် လုပ်ကိုင်နေရရှာသော သတင်းထောက်များ အဖို့ က အခွင့်
အရေး မရရှာပါဖူး။ ၎င်းတို့ ထည့်ချင်တဲ့ သတင်းမျိုးကိုမဖြစ်မနေ ရှာဖွေပေးရတတ်ပါတယ်။
မြန်မာ မီဒီယာ ဥပဒေမှာလည်း တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် သုံးရပ်ကို လွတ်လပ်စွာ ဝေဖန်ခွင့် ရှိတယ်လို့ ပြောထားပေမယ့် စစ်တပ်ကိုတော့ သိသိသာသာ ချန်လှပ်ထားခဲ့ပြန်ပါတယ်။
မကြာသေးမီက တော့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ဒု ဥက္ကဌ က အခုလို အခြေအနေမှာ မီဒီယာ ရဲ့ အကြီးမားဆုံး တာဝန်က နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
သို့သော်လည်း သတင်းထောက်နှစ်ဦးကို လက်ထိပ်ကြီး ခတ်ပြီး ရာဇ၀တ်မှု ကျုးလွန်တဲ့ တရားခံများ အလား အစိုးရ သတင်းတွေမှာ ချပြ တာကဖြင့် ခုနပြောတဲ့ တိုင်းပြည် ပုံရိပ်ကို ပိုမို ထိခိုလာနိုင်တယ်ဆိုတာတော့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ သတိပြုသင့်လှပါတယ်။
လှစိုးဝေ
ရိုက်တာ သတင်းးထောက် နှစ်ဦး အဖမ်းခံရသည့် ကိစ္စ
Reviewed by timeayeyar
on
4:27 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment