Latest News

Friday, December 8, 2017

သိန်းပေါင်းသုံးထောင်ကုန်ကျခံရိုက်ကူးခဲ့သည့် ''ထာဝရအမေ''ရုပ်ရှင်ဇာတ်ကား

သိန်းပေါင်းသုံးထောင်ကုန်ကျခံရိုက်ကူးခဲ့သည့်
''ထာဝရအမေ''ရုပ်ရှင်ဇာတ်ကား

ပါမောက္ခ ဒေါက်တာ ဦးခင်မောင်ဝင်း (အသည်း ) ရေးသားသော ဒဒထာဝရအမေဒဒ ဝတ္ထုကို ဒါရိုက်တာ စင်ရော်မောင်မောင်၊ တွဲဖက်ဒါရိုက်တာ မင်းသန့်မောင်မောင်တို့ ရိုက်ကူးပြီး အကယ်ဒမီ မေသန်းနု၊ ရဲအောင်၊ နေတိုး၊ ဝတ်မှုံရွှေရည်တို့အဓိက ပါဝင်သရုပ်ဆောင်ထားကြသည့် ''ထာဝရအမေ"ရုပ်ရှင်ဇာတ်ကား မကြာခင်ရုံတင်ပြသမည်ဟု သိရသည်။

အဆိုပါ ဇာတ်ကားသည် သားသမီးများကို ချစ်ဖို့ကြိုးစားရင်း ကြိုးစားရင်းနှင့် မိမိကိုယ်ကိုယ် ချစ်ဖို့မေ့နေသော အမေ တစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားဟု သိရသည်။ ယင်းဇာတ်ကားနှင့်ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က ဒဒဒီနှစ်ထဲ အမြန်ဆုံးရုံတင်နိုင်ဖို့လုပ်နေတယ်၊  အမေချစ်တဲ့သား၊  အမေချစ်တဲ့သမီးပါ၊ နေတိုး၊ ဝတ်မှုံရွှေရည်၊ မင်းသန့်၊ ရဲအောင်၊ ကျွန်တော်တို့ စိတ်နှစ်မြှုပ်ထားပါတယ်၊ အားလုံးကျေနပ်အားရပါတယ်၊ ပြီးတော့ ဒီဇာတ်ကားက အလွန်ထူးခြားပါတယ်၊ မေသန်းနုနဲ့ ကျွန်တော်နဲ့ ပထမဆုံး ၁၂ နှစ်အကြာမှာ ပြန်လည်ဆုံတဲ့ဇာတ်ကားလည်း ဖြစ်တယ်၊ ဒီဇာတ်ကားတအားထူးခြားရပါစေမယ်ဒဒဟု ပြောသည်။

  ဇာတ်ကားအတွက် ပြင်ဆင်မှုပိုင်းနှင့် ကုန်ကျမှုပိုင်းများနှင့်ပတ်သက်ပြီး  ပါမောက္ခ ဒေါက်တာ ဦးခင်မောင်ဝင်း (အသည်း)က ဒဒဘယ်တုန်းက အမေအတွက်ဆိုရင် ဘာကိုမှ မစဉ်းစားခဲ့ဘူး၊ အမေက ရုပ်ရှင်မှာကြည့်ထားရသလို ကိုယ့်ဆီက ဘာကိုမှ ယူမသွားခဲ့ဘူး၊ သူကပဲ ကိုယ့်ကိုအကုန်လုပ် ပေးသွားခဲ့တယ်၊ ဒီဝတ္ထုရေးတာ၊ ဒီဇာတ်ကားရိုက်တာ အမေအတွက် အမေ့ရဲ့ကျေးဇူး ဆပ်နေတာပါပဲ၊ ဦးမောင်က သိန်း ၃ဝဝ ပေးဆိုလည်း ပေးလိုက်တာပါပဲ၊ ဘာမှကို ပြန်မမေးပါဘူး၊ စာရင်းချုပ်ရင်တော့ သိန်း ၃ဝဝဝ လောက်ကုန်သွားပြီ၊ အခုလို ခမ်းခမ်းနားနားကလည်း ကိုယ့်အတွက် မလိုတော့ဘူး၊ အမေအတွက်ပါပဲ၊ အမေ့ကျေးဇူးကို ဆပ်နိုင်သမျှဆပ်ပါမယ်၊ ဆပ်လို့လည်း မကုန်ပါဘူး၊ အမေအတွက် စဉ်းစားပြီး ဘာစာရင်းအင်းမှမတွက်ဘဲ ဒီဇာတ်ကားကို ရိုက်တာပါ၊ အမေရဲ့ ပုံစံတွေကို မဆင့် (မေသန်းနု)ကလည်း သေချာကြည့် လေ့လာလုပ်ကိုင်ကြတယ်၊ ကျန်တဲ့ သရုပ်ဆောင် တွေကလည်း သေချာလေ့လာပြီးတော့ အရင်ခေတ်နဲ့ အညီဖြစ်အောင် လုပ်ထားကြတယ်၊ တကယ့် ရေနွေးငွေ့ရထားခေါင်းကို ရန်ကုန်ကနေ မိတ္ထီလာအထိမောင်းခဲ့တယ်ဆိုတော့ အရင်ခေတ်နဲ့ တော်တော်လေးကို တူပါတယ်၊ ကျွန်တော်ရေးသားထားတဲ့အတိုင်း တတ်နိုင်သမျှတူအောင် လုပ်ထားကြတယ်၊ အမေက မိုးလင်းမိုးချုပ် သားသမီးအတွက်ပဲ လုပ်ဆောင်ပေးခဲ့တယ်၊ သူ့အတွက်ဆိုရင် ဘာကိုမှ မလုပ်ပါဘူး၊ အမေကလည်း အညာကဆိုတော့ အညာကအတိုင်းပဲ အနုအရွတွေ မသုံးတတ်ဘူး၊ သူ့ရင်ထဲမှာ ကိုယ့်အပေါ်မေတ္တာတွေ စေတနာတွေ ရှိနေတယ်ဆို ကိုယ်က သိနေတယ်လေ။ ဒီဇာတ်ကားကို လာကြည့်ကြပါ၊ အခုခေတ်မှာ အင်တာနက်တွေ၊ ဖေ့စ်ဘုတ် ဂိမ်းတွေထဲမှာ နစ်မြောနေတဲ့လူငယ်တွေ ဒီရုပ်ရှင်ကိုကြည့်လိုက်လို့ မိဘရဲ့မေတ္တာကို သဘော ပေါက်ပြီးဆိုရင် ဆရာ ဒီဇာတ်ကားကို ထုတ်လုပ်ရကျိုးနပ်ပြီးလို့ ပရိုဂျူဆာတစ်ယောက်အနေနဲ့ ပြောလိုက်ချင်ပါတယ်၊ ဆရာ ကျိုက်မရောက ဆရာတော်ကြီး ရန်ကုန်လာရင်သီတင်းသုံးဖို့ ကျောင်းတစ်ကျောင်းဆောက်ရန် စီစဉ်နေတာ သိန်း ၁၅ဝဝ ကုန်ပြီ၊ ပြီးတော့ မုဒုံဘုရားမှာ ဘုရားရုပ်တုတန်ဆောင်ကြီးက ပြိုနေပြီ လှူမယ်လို့လည်း ကတိပေးပြီးပြီ၊ သိန်း ၅ဝဝ ကုန်ပါတယ်ဒဒ ဟု ပြောသည်။          
                                                                                                                                    ကိုလင်း(MMAL)

No comments:

Post a Comment