လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအတွင်း ပြည်သူ့ဘဝလုံခြုံရေး
ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး
ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာ ယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် လူဦးရေသိပ်သည်းထူထပ်ခြင်း၊ အခြား ဒေသများမှ ဝင်၊ထွက်သွားလာသူ များပြားခြင်းကြောင့် ဒုစရိုက်ဆန်သည့် လူဆိုးလူမိုက်များ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများက အခွင့်ကောင်း ယူကာ ပြည်သူများအပေါ် ဗိုလ်ကျ အနိုင် ကျင့်မှုများ၊ ပြည်သူ့ဘဝ လုံခြုံရေးကို ထိခိုက်စေသည့် မှုခင်းများပြုလုပ်နေ ကြောင်း သိရှိရသဖြင့် အဆိုပါ ပြစ်မှု ကျူးလွန်တတ်သူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အင်အားပြည့် ပိတ်ဆို့ဖမ်း ဆီးအရေးယူလျက်ရှိကြောင်း သိရသည်။
အရေးယူ
လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့ရှိ ဒုစရိုက်မှု ကျူးလွန် တတ်သူများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များကြောင့် အေးချမ်းစွာ နေထိုင်လိုကြသည့် အများပြည်သူတို့မှာ စိုးရိမ်ကြောက်ရွံ့ နေကြရကြောင်း သတင်းများရရှိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အစီအစဉ်ဖြင့် နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ခိုး၊ ဆိုး၊ လု၊ နှိုက်တတ်သူများကို သတင်း ရယူကာ ရဲတပ်ဖွဲ့ဝင် အင်အားပြည့်ဖြင့် လမ်းများတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်တတ်သူများ နေထိုင် သွားလာသည့် နေရာများသို့ စီးနင်း ရှာဖွေဖမ်းဆီးခြင်း၊ သတင်းကျော်စော သူများအား ပြစ်မှုကျူးလွန်ခြင်း မရှိ စေရေးအတွက် ဖမ်းဆီးအရေးယူခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်အထိ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ အရ ၄၂ မှု၊ ရဲအက်ဥပဒေအရ ၅၇ မှု၊ ပြည့်တန်ဆာ အက်ဥပဒေအရ သုံးမှု၊ လက်နက်များ အက်ဥပဒေအရ ၁၈ မှု၊ လောင်းကစား ဥပဒေအရ ခြောက်မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ သုံးမှု၊ ယစ်မျိုးဥပဒေ အရ ကိုးမှု၊ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၅၄ အရ ၄၇ မှု၊ စစ်ပြေး ခြောက်ဦးနှင့် တရားခံပြေး လေးဦး၊ ရဲဘက်ပြေး သုံးဦး တို့အား ဖမ်းဆီးရမိ အရေးယူခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်
Wednesday, December 13, 2017
လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအတွင်း ပြည်သူ့ဘဝလုံခြုံရေး ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး
လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအတွင်း ပြည်သူ့ဘဝလုံခြုံရေး ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီး
Reviewed by Ar Ti
on
7:13 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment