Latest News

Wednesday, December 13, 2017

ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ရေဝင်ရောက်၍ နစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် ကဏန်းမြှုံး လှေတစ်စင်းအား ကူညီကယ်ဆယ်

ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ရေဝင်ရောက်၍ နစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် ကဏန်းမြှုံး လှေတစ်စင်းအား ကူညီကယ်ဆယ်


နေပြည်တော် ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့၊ အာရှနန်းဝေ ကုမ္ပဏီမှ ဦးညီညီ ပိုင်ဆိုင်သည့် လှေသားခုနစ်ဦး ပါဝင်သော ငွေယမုံ-၆ အမည်ရှိ ကဏန်းမြှုံးလှေသည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၂ ဒသမ ၈ မိုင်ခန့်အကွာ၌ ရေယာဉ်ပဲ့ပိုင်း ညာဘက်ခြမ်းမှ ရေဝင်ရောက်၍ နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ နေရာသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်က သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး လှေသားများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။(MWD)

No comments:

Post a Comment