Latest News

Wednesday, December 13, 2017

တရားမဝင် နွားများ မော်တော်ယာဉ် ငါးစီးပေါ်မှ ၁၁၁ ကောင် စစ်ဆေးတွေ့ရှိ

တရားမဝင် နွားများ မော်တော်ယာဉ် ငါးစီးပေါ်မှ ၁၁၁ ကောင် စစ်ဆေးတွေ့ရှိ

မန္တလေး   ဒီဇင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်း ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး၊ မှုခင်းအကူဌာနစုမှ ဒုရဲမှူး ကျော်နု ဦးစီးတပ်ဖွဲ့ဝင်များ၊ ပြင်စာနယ်မြေရဲစခန်းမှ ရဲအုပ် အောင်ဆန်းဝင်းနှင့်   ပြင်ဦးလွင်မြို့နယ်  တိရ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ ဒေါက်တာ ဒေါ်ကေသီလွင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ပြင်ဦးလွင်မြို့နယ်   ပြင်စာကျေးရွာ  ပြင်ဦးလွင်အတက်လမ်း ပြင်စာကျေးရွာ ကျန်းမာရေးဆေးပေးခန်းရှေ့နေရာ၌ စောင့်ဆိုင်းနေစဉ်  မန္တလေး ဘက်မှ ပြင်ဦးလွင်သို့   ခွင့်ပြုချက်အထောက်အထားတစ်စုံတစ်ရာမရှိဘဲ  မော်တော် ယာဉ်များဖြင့် တိုင်းကျော် တရားမဝင်နွားများအား  တင်ဆောင်၍  ဖြတ်သန်း သယ် ဆောင်နေကြောင်း သတင်းအရ ယာဉ်များအား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း သန့်ဇော်ဦး(ခ) အစ်ဇာဟတ် မောင်းနှင်လာသည့်  YGN 6B/ ----- နစ်ဆန်း     ၁၂ ဘီးယာဉ်ပေါ်မှ နွားထီးအရွယ်စုံ ၂၂ ကောင်၊  ယာဉ်မောင်း ထွန်းထွန်းလွင်  မောင်းနှင် လာသည့် MDY 8G/ ---- ၁၂ ဘီး ယာဉ်ပေါ်မှ နွားအရွယ်စုံ ၂၂ ကောင်၊ ယာဉ်မောင်း ထွန်းထွန်း(ခ)ကိုမိုး မောင်းနှင်လာသည့် MDY 4K/--- ၁၂ ဘီးယာဉ်ပေါ်မှ နွား၂၂ ကောင်၊ ယာဉ်မောင်း အောင်ဆန်းဦး မောင်းနှင်လာသည့်MDY 8J/ --- - ၁၂ ဘီး ယာဉ်ပေါ်မှ  နွား ၂၃ ကောင်၊ ယာဉ်မောင်း မြင့်ဇော်ဦး မောင်းနှင်သည့် YGN/ -----      ၁၂ ဘီးယာဉ်ပေါ်မှ နွားထီးအရွယ်စုံ ၂၂ ကောင်တို့ကို သယ်ဆောင်လာကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။

အဆိုပါ ယာဉ် ငါးစီးနှင့် နွား စုစုပေါင်း ၁၁၁ ကောင်အား တရားမဝင် သယ်ဆောင် လာသူ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် နွားထိန်းများဖြစ်ကြသည့် သန့်ဇော်ဦး (ခ) အစ်ဇာဟတ်ပါ၁၇ ဦးတို့နှင့်အတူ နွားများအား တရားမဝင် မှောင်ခို  လုပ်ငန်းလုပ်ကိုင်ရာတွင် ဦးစီးလုပ်ကိုင်သူ ဇော်ရှိန်း (ခ) နွားမလီ (၃၈ နှစ်)အား အမှုဖွင့်  အရေးယူ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    
အောင်စံမောင်(မြန်မာ့အလင်း)

No comments:

Post a Comment