Latest News

Wednesday, December 6, 2017

မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ အသတ်ခံရ

မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ  အသတ်ခံရ



ဒီဇင်ဘာ ၆၊၂၀၁၇

မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄)နှစ် နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉  နာရီခွဲတွင် လူနှစ်ဦး(စီစစ်ဆဲ) ဝင်လာ၍ သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်ခဲ့ရာ ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂  ကျည်ခွံ တစ်ခု နှင့် အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့သည်။

ရှော်ဖိတ်အာမန်အား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦး (ဖမ်းမမိ)အား မကျီးချောင်းနယ်မြေစခန်း၌  (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မြှုဖင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ကားပစ်စတင် အခွံ ၉၇ လုံးတွေ့ရှိ

မောင်တောမြို့နယ် ၊ ကျောက်ပန္တု(စေတီ) ကျေးရွာ မွတ်စလင်များ နေထိုင်သည့် မီးလောင်ထားသော နေအိမ်များ၏ အနောက်ဖက် ၈ ပေခန့်အကွာ၌ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီတွင် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ပစ်စတင်အိုးများ ထည့်ထားသည့် ပလပ်စတစ်ပုံး တစ်ပုံးအား မြေကြီး အတွင်း၌  မြှုပ်နှံထားသည်ကို တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ တူးဖေါ်ခဲ့ရာ ပလပ်စတစ်ပုံးထဲတွင် ယမ်းမထည့်ရသေးသည့် ကားပစ်စတင် စုစုပေါင်း ၉၇ လုံးအား တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်းသိရသည်။

Information Committee

No comments:

Post a Comment