Latest News

Wednesday, December 6, 2017

သိန်းထောင်ချီတန်သည့်ကျောက်အား ရိုးသားစွာ ပြန်လည်ပေးအပ်သူကို မဟာအောင်မြေကျောက်ဝိုင်းတွင် ဂုဏ်ပြုပွဲကျင်းပ



မန္တလေး - ဒီဇင်ဘာ၅

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် သိန်းထောင်ချီတန်သည့်ကျောက်အား ရိုးသားစွာပြန်လည်ပေးအပ်ခဲ့သူကို ဒီဇင်ဘာ ၄ရက်နေ့က ကျောက်ဝိုင်းရုံးခန်း၌ အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါကျပ်သိန်းထောင်ချီတန်သည့်ကျောက်ကို ဒီဇင်ဘာ၂ရက်က ကျောက်ဝိုင်းရှိကျောက်ပွဲစား ဦးဝင်းသူက ကျပ်သိန်းထောင်ချီတန်သည့် ကျောက်အား ဝယ်လက်ကို ရောင်းချရန်ပြသအပြီး အိတ်အတွင်းပြန်ထည့်ရာ အိတ်အတွင်းသို့မရောက်ဘဲကျကျန်ရစ်ခဲ့သည်။

 အဆိုပါကျောက်ကို ကျောက်ဝိုင်းအတွင်းရှိနေသူ ဦးဆန်းမြင့်အောင်က ကောက်ရခဲ့ရာမှ ပိုင်ရှင်ဖြစ်သူအားရှာဖွေ၍ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ထိုသို့ပြန်လည် ပေးအပ်သူတို့အား ပိုင်ရှင်မှ
ဂုဏ်ပြုငွေ ပေးအပ်သော်လည်း ငွေကြေးကို လက်မခံသဖြင့် အမှုဆောင်များ ရှေ့မှောက်၌ ကျောက်ပွဲစား ဦးဝင်းသူကရိုးသားစွာ ပြန်လည်ပေးအပ်သူ မဟာမြိုင် ၁ ရပ်ကွက် ၃၉×၄၀လမ်းကြား အိမ်အမှတ် ဒ ၉/၁၂၂နေ ဦးဆန်းမြင့်အောင်+ဒေါ်ခင်မိုးမြင့်တို့ ဇနီးမောင်နှံအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မဟာအောင်မြေကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း ကဂုဏ်ပြုစကား ပြောကြား၍၀ ဂုဏ်ပြုအမှတ်တရဂုဏ်လက်ဆောင် ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်မောင် - မန်းကိုယ်ပွား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment