Latest News

Sunday, December 24, 2017

ဗန်း​မောက်​မြို့နယ်​သစ်​​တောအတွင်းမှခိုထုတ်​ထား​သော ကျွန်းခွဲသားနှင့်​အင်​ကြင်းခွဲသားများဖမ်းမိ

ဗန်း​မောက်​မြို့နယ်​သစ်​​တောအတွင်းမှခိုထုတ်​ထား​သော
ကျွန်းခွဲသားနှင့်​အင်​ကြင်းခွဲသားများဖမ်းမိ

ကသာ  ဒီဇင်ဘာ  ၂၄

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ဗန်း​မောက်​မြို့နယ်​မံကပ်​(ဘိနယ်​) သစ်​​တောအတွင်းများခိုးထုတ်​ယူထား​သောကျွန်းခွဲသားများနှင့်​အင်​ကြင်းခွဲသားများဖမ်းမိခဲ့​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ၂၄၊၁၂၊၁၇ ရက်​​နေ့နံနက်​ ၁၁ နာရီအချိန်​ခန့့်​တွင်​ကသာခရိုင်​သစ်​​တောဦးစီးဋ္ဌာနမှလ/ထညွှန်ကြား​ရေးမှူးဦး​သောင်းနိုင်​​ခေါင်း​ဆောင်
သောသစ်​​တောဝန်​ထမ်းများသည်​သစ်​​တောလုံခြုံ​ရေးရဲတပ်​ဖွဲ့ဝင်​များလိုက်​ပါလျှက်​သက်​​သေများနှင့်​အတူဗန်း​မောက်​မြို့နယ်​မံကပ်​(ဘိနယ်)ဝါးဖြူ​ တောင်​ အပ​တောအတွင်းသတင်းအရဝင်​​ရောက်​ရှာ​ဖွေစစ်​​ဆေးရာ သစ်​​တောအတွင်းမှခိုး၍ထုတ်​ထား​သောကျွန်းခွဲသား(၆၁၄)​ချောင်းနှင့်​အင်​ကြင်းခွဲသား(၁၈)​ချောင်း၊စုစု​ပေါင်း(၆၃၂)​ချောင်း၊ ၁၅•၄၃၂၀တန်​အားဖမ်းမိခဲ့သဖြင့်သစ်​ခိုးထုတ်​သူအားဖမ်းမိ​ရေးအတွက်​နယ်​​မြေခံ အဖွဲ့အစည်း များဖြင့်​ပူး​ပေါင်း​ဆောင်​ရွက်​ထား​​ကြောင်းသိရသည်​။

အဆိုပါ​နေရာသည်​ဗန်း​မောက်​မြို့နယ်​တွင်​ရှိ​နေ​သော်လည်းမြို့နှင့်​အလှမ်း ကွာ​ဝေးခြင်း၊​တော​တောင်​ထူထပ်​ခြင်းစသည့်​အချက်​များ​ကြောင့်​သစ်​​မှောင်​ခိုများအတွက်​အခွင့်​သာ​သော​နေရာတစ်​ခုဖြစ်​​ကြောင်းလ/ထညွှန်​ကြားရေးမှူးမှ​ပြောပြသိရှိရသည်​။

                                                             လူ​အောင်​(ကသာ)

No comments:

Post a Comment