Latest News

Sunday, December 24, 2017

အရည်ကျို အပ်နှံမည့် မော်တော်ယာဉ်များ ရန်ကုန်လိုင်စင်ပေးပါက ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာနိုင်

အရည်ကျို အပ်နှံမည့် မော်တော်ယာဉ်များ ရန်ကုန်လိုင်စင်ပေးပါက ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာနိုင်
Photo Credit
ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင်ပေးပါက ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချသူများအသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးရန်မျိုးအောင်ထံမှ သိရသည်။

ပြည်တွင်းမော်တော်ယာဉ် ဈေးကွက်အတွင်း ရန်ကုန်မှအရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင် ထုတ်ပေးရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က စီစဉ်လျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းကဲ့သို့ ဆောင်ရွက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ယာဉ်ဈေးကွက်အတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း ရန်ကုန်မော်တော်ယာဉ် ဈေးကွက်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ သိသာစွာမြင့်တက် လာနိုင်ကြောင်း သိရသည်။

မော်တော်ယာဉ်များနှင့် ပတ်သက်၍ မူဝါဒများ မကြာခဏ ပြောင်းလဲနေခြင်းမှာ မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိသည်။ ရန်ကုန်လိုင်စင် မော်တော်ယာဉ်များ အနေဖြင့် အနည်းဆုံး ငွေကျပ်သိန်း ၂ဝ မှ သိန်း ၃ဝ အထိ ဈေးနှုန်းများ မြင့်တက်လာ နိုင်ပြီး လက်ရှိပြည်တွင်းဈေးကွက်၌ ၂ဝ၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်သတ် မှတ်ချက်များ ထုတ်ပြန်ပြီးနောက် ၂ဝ၁၈ ခုနှစ်တွင် ဘယ်မောင်းယာဉ်သာ တင်သွင်းရမည်ဖြစ်ကာ ၂ဝ၁၄ မော်ဒယ်နှင့် အထက်ယာဉ်များသာ တင်သွင်းခွင့်ပြုခြင်းကြောင့် ဂျပန်ညာမောင်း မော်တော်ယာဉ်များ၏ ဈေးနှုန်းများ စံချိန် တင်မြင့်တက်နေကြောင်း သိရသည်။

နယ်လိုင်စင် မော်တော်ယာဉ်များ အနေဖြင့် ညအိပ်ခွန်နှင့် ဒဏ်ကြေးငွေပေးဆောင် ရခြင်းများကြောင့် နယ် လိုင်စင်မော်တော်ယာဉ်များ အရောင်းအဝယ် နည်းပါးလျက်ရှိပြီး ဖရီးပါမစ်ဖြင့် တင်သွင်းလာသော မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင်ချထားပေးခြင်း မရှိတော့သည့်အတွက် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် မော်တော်ယာဉ်များ အရောင်းအဝယ် ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment