Latest News

Wednesday, December 13, 2017

ဘုရားမီးမှတစ်ဆင့် ဘိုကလေးမှာ အိမ်(၆)လုံမီးလောင် ၊လူပေါင်း (၂၂)ဦးအိုးမဲ့ အိမ်မဲ့ဖြစ်

ဘုရားမီးမှတစ်ဆင့် ဘိုကလေးမှာ အိမ်(၆)လုံမီးလောင် ၊လူပေါင်း (၂၂)ဦးအိုးမဲ့ အိမ်မဲ့ဖြစ်

ဒီဇင်ဘာလ ၁၃ရက် နံနက်၆နာရီခန့်ကဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် တွင်ဘုရားမီး မှတစ်ဆင့်အိမ်(၆)လုံမီးလောင် ၊ခဲ့ ရာ လူပေါင်း(၂၂)ဦးအိုးမဲ့ အိမ်မဲ့ဖြစ် ခဲ ကြောင်းသတင်းရရှိသည်။

ယနေ့နံနက်၆နာရီခန့်တွင် စက်ဆန်းကျေးရွာ ဒေါ်မြင့်မြင့်စန်းကုန်ခြောက် ရောင်းဝယ်ရေးအိမ်ဆိုင်ရှိ ဘုရားစင်တွင်ထွန်းညိုထားသော ဖယောင်းတိုင်မီးမှစတင်လောင်ကျွမ်းခဲ့ရာ ၁နာရီးအတွင်း အနီးရှိလူနေအိမ် ၅လုံးသို့ကူးစပ်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဟုဘိုကလေုးမြို့ နယ်မီးသတ်တပ်ဖွဲ့ ကပြောသည်။

အဆိုပါလူနေအိမ်(၆)လုံးမီးလာင်ကျွမ်းမှုအတွက် ဆုံးရှုံးနစ်နာခဲ့သော အိမ်ပိုင်ရှင်(၂၂)ဦးကို ၎င်းတို့၏ဆွေမျိုးမိဘတော်စပ်သူများ နေအိမ်တွင်ယာယီပို့ဆောင်ပေးထားပြီး ၎င်းတို့၏နေအိမ်များပြန်လည်တည်ဆောက်ပေးနိုင်ရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စီစဉ်လျက်ရှိကြောင်း ဘိုကလေးမဲဆန္ဒနယ်လွတ်တော်ကိုယ်စားလှယ်လွတ်တော်ဒုဥက္ကဌဦးစံမင်းအောင်ကပြောသည်။

အမှတ်(၃)နယ်မြေ ကမ်းနားလမ်း စက်ဆန်းကျေးရွာတွင် တွင် ဖြစ်ပြီးကာလတန်ဖိုး ငွေကျပ်သိန်း၅၀ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စက်ဆန်းနယ်မြေခံရဲတပ်ဖွဲ့မှသတင်းရရှိသည်။

မီးလောင်ကျွမ်းမှုတွင်ပါဝင်ခဲ့သော အိမ်များမှာ ဓနိမိုးပျဉ်ကာပျဉ်ခင်းများဖြစ်ပြီုးလောင်ကျွမ်းမှုကြာချိန်(၁)ကျော်အကြာတွင် အပြီးငြိမ်းသတ်နိုင်ခဲ့သည်ဟုဆိုသည်။

စက်ဆန်းကျေးရွာရှိနေအိမ်(၆)လုံးမီလောင်မှုတွင် မီးကိုပေါ့ဆစွာအသုံးပြုသူ ကုန်ခြောက်အိမ်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်စမ်းအား စက်ဆန်းနယ်မြေရဲစခန်းမှ(ပ)၆၃/၂၀၁၇ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့်အမှုဖွင့်အရေးယူထားကြောင်း စက်ဆန်းနယ်မြေခံရဲစခန်းမှသရိသည်။

ထက်ဝဠာမင်း

No comments:

Post a Comment