Latest News

Wednesday, December 13, 2017

ရန်ကုန်မြို့ပြ ခရီးသွားနှင့် မြို့ပတ်ရထား

ရန်ကုန်မြို့ပြ ခရီးသွားနှင့် မြို့ပတ်ရထား


လမ်း မတော်ဘူတာတွင် မြို့ပတ်ရထားစောင့်နေသည့် ခရီး သည်အတော်များနေပြီး  ရထားကမလာသေး၊ ရန်ကုန်ဘူတာ ကြီးမှ ထွက်လာမည့် ရထားကို စီးပြီး အိမ်ပြန်ရန်  စိတ်ကူးဖြင့် လမ်းမတော်ဘူတာဆီသို့     ရောက်လာခဲ့ခြင်းဖြစ်သည်။ လမ်းမတော်  ဘူတာရောက်မှ မြို့ပတ်ရထားမစီးဖြစ်ခဲ့သည် မှာ တစ်နှစ်ခန့်ရှိရော့မည်ဟု   အတွေးဝင်မိသည်။    ကား မှတ်တိုင်နှင့်နီးပြီး   ရထားဘူတာနှင့်  အလှမ်းဝေး၍လည်း မြို့ပတ် ရထားကို  မစီးဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုရထားအလာ ကို စောင့်ရင်း  လမ်းမတော် ဘူတာကို    လေ့လာကြည့်လိုက် လျှင်   ထူးထူးခြားခြား သစ်သစ်လွင်လွင်ဖြစ်နေသည်ကို  သတိ ပြုမိလိုက်သည်။
မြို့ပတ်ရထားစီးခရီးသည်များ အဆင်ပြေရန်နှင့် ရန်ကုန် မြို့ပတ်ရထားဘူတာများကို   အဆင့်မြှင့်တင်မှု၊   အသစ် တည်ဆောက်မှုများ ပြုလုပ်နေသည်ဟု  သတင်းကြားသိထား သော်လည်း ဘူတာများသို့ မရောက်ဖြစ်၍   မျက်မြင်မတွေ့ ခဲ့ရ။ ယခုမှ  ကိုယ်တိုင်တွေ့ရှိခြင်းဖြစ်သည်။  ရန်ကုန်မြို့ပတ် ရထားဘူတာရုံပေါင်း ၃၈ ဘူတာနှင့်  ဆင်ခြေဖုံးရှိ   ဘူတာ ၁၇ ဘူတာ ရှိနေရာ ရထားကိုသာ   နေ့စဉ်အားထားစီးနေရ သည့် ရန်ကုန်မြို့နေပြည်သူများအတွက် ဘူတာရုံ၏ အခင်း အကျင်း၊ ဝန်ဆောင်မှုပေးနိုင်မှုများက   အားနည်းချက်များ ရှိနေခဲ့သည်။
ရန်ကုန်မြို့ပတ်ရထားစီးခရီးသည်များ ဘူတာမှ ရထား ပေါ်တက်ရောက်ရာတွင်  အဆင်ပြေစေရန်  ဘူတာစင်္ကြံများ ကို အဆင့်မြှင့်တင်ပြုပြင်မှုများပြုလုပ်နေရာ    ဘူတာအချို့ ပြီးစီးနေပြီကို  တွေ့မြင်ရသည်။  ရန်ကုန်မြို့ပတ်ရထားများနှင့် ဘူတာ စင်္ကြံအနေအထားမှာ ခရီးသည်များအတွက်  အဆင် မပြေမှုများရှိနေရာ   ယခုအခါ      ရထားအဆင်းအတက် အဆင်ပြေစေရန် မြန်မာ့မီးရထားက စီစဉ်ဆောင်ရွက်နေပြီ ဖြစ်သည်။
ယခင်က ကိုယ်တိုင်ရထားစီးသည့်အခါ  အဆင်းအတက် များတွင်  ရထားတွဲရှိ   ခရီးသည်အတက်အဆင်းပြုလုပ်ရာ တံခါးပေါက်မှာ  လှေကားနှစ်ထစ်ခန့်   တက်ရောက်မှသာ ရထားပေါ်ရောက်ရှိနိုင်လေသည်။ ဘူတာစင်္ကြံပလက်ဖောင်း နှင့် ရထားတွဲပေါ်တက်ရန်  လှေကားထစ်က    သိပ်အဆင် မပြေလှ။ အထူးဂရုစိုက်ပြီး တွဲပေါ်တက်ရသည်။ သို့မဟုတ် ပါက  မတော်တဆတစ်ခုခု ဖြစ်သွားနိုင်လေသည်။
ယခု ဂျပန်နှင့်   စာချုပ်ချုပ်ဆို    ဝယ်ယူ မည့် ရထားတွဲများနှင့်  လက်ရှိ  ပြေးဆွဲ နေသော RBE  ရထား တွဲပေါက်  အဆင်း   အတက်က  မြို့ပတ် ဘူတာများရှိ စင်္ကြံပလက် ဖောင်းများနှင့် အဆင် မပြေဖြစ်နေရာ   ပြန် လည်    ပြင်ဆင်မှုများ ပြုလုပ်နေခြင်း   ဖြစ် သည်။  ရထားစီးခရီး သည်   များအတွက်   အကောင်းဆုံး     ဝန် ဆောင်မှုပေးရန်  မြို့ပတ်  ဘူတာရုံ       များကိုလည်း ပြင်ဆင်နေရာ   ဘူတာအချို့ ပြီးစီးနေပြီဖြစ်သည်ကို   တွေ့ရ သည်။
ရန်ကုန်မြို့တွင်း ဘတ်စ်ကားများဖြင့်  ခရီးသွား ခြင်းမှာ တဖြည်းဖြည်း   အဆင်ပြေလာမှုများ ရှိလာပြီဖြစ် သော်လည်း ကားလမ်းပိတ်ဆို့မှု၊     ယာဉ်ကြောကျပ်တည်းမှု၊ စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့်   အချိန်ကြာမြင့်မှုများ  ရှိနေဆဲဖြစ်သည်။ YBS စနစ်မှာ ယခင်ကထက် ပြည်သူများ ယုံကြည် အားကိုးမှုရှိလာပြီမှာ လက်ခံရမည်ဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့်     ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် ကြုံတွေ့နေရဆဲဖြစ်သည်။
ထိုဒုက္ခများကို    ရှောင်လွှဲရန်     ရထားစီးသူများ    များပြားလာသည်ဖြစ်ရာ  ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု     စနစ် ကောင်းမွန်စေရန်     စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။   မြို့ပတ်ရထားခရီးစဉ်သည်     တစ်နေ့လျှင်       မြို့ပတ်ရထားအခေါက်ရေ     ၂၁၅ ကြိမ်ရှိရာ ခရီးသည်များအတွက်     အချိန်ကုန်   သက်သာစေရန် လည်း   မြန်မာ့မီးရထားနှင့် JICAတို့က   ပူးပေါင်း ဆောင်ရွက်လျက်ရှိနေ သည်။
ရန်ကုန်မြို့ပတ် ရထားလမ်းသည်  စုစု ပေါင်းအရှည် ၂၉    မိုင်ခွဲ ရှိရာ    ရထားပြေးဆွဲချိန် မှာ တစ်ပတ်လျှင် ၂ နာရီနှင့် မိနစ် ၅ဝ ခန့် ကြာလေသည်။    မြို့ပတ်ရထားကို    အားကိုးပြီး လိုက်ပါစီးနင်းသူ      ခရီးသည်များ အတွက် မြို့ပတ်ရထားစီးချိန် လျော့ကျစေရန်    ရထားသံလမ်းမျာကိုလည်း   အဆင့်မြှင့်တင်မှုပြုလုပ်နေ ကြောင်း သိရသည်။ မြို့ပတ်ရထားသံလမ်းများ  အဆင့်မြှင့်တင် မှု ပြုလုပ်ပြီးပါက မြို့ပတ်ရထား မောင်းနှင်ချိန်မှာ  မူလကထက် တစ်နာရီခန့် လျော့ကျသွားနိုင်မည်ဖြစ်သည်။
မြို့ပတ်ရထားမောင်းနှင်ချိန်      တစ်နာရီလျော့နည်း သွားသဖြင့် ရထားစီးခရီးသည်များအတွက် အချိန်တစ်နာရီ သက်သာသွားမည်ဖြစ်ရာ လိုရာခရီးကို    မြန်မြန်ရောက်ရှိနိုင် တော့ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ဘူတာရုံများအသစ် ပြန်လည်တည်ဆောက်ခြင်းများလည်း ပြုလုပ်ရာ လောလော ဆယ်တွင် အလုံ၊ လမ်းမတော်၊ ဟံသာဝတီ၊ ရှမ်းလမ်း၊ ပန်းလှိုင် ဘူတာများကို  အသစ်ပြန်လည်တည်ဆောက်ပြီးနေပြီဖြစ် ကြောင်း သိရသည်။ တစ်ဆက်တည်းမှာပင် ဘူတာရုံပလက် ဖောင်းစင်္ကြံများကိုလည်း   ရထားတွဲများနှင့် အံဝင်ခွင်ကျဖြစ် အောင် ပြုပြင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ရန်ကုန်မြို့ပတ်ဘူတာရုံများတွင်    မြို့ပတ်ရထားစီးရန်   စတင်ရောက်ရှိချိန်၊   နားနေချိန်၊ ရထားတွဲပေါ်တက်ချိန်နှင့် ရထားစီးနင်းချိန်တို့တွင် ခရီးသည်များအတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ရန်   စီစဉ်နေခြင်းဖြစ်ရာ ၂ဝ၁၈ ခုနှစ် အတွင်း အဆင့်မြှင့်တင်ထားသည့် မြို့ပတ်ဘူတာရုံ အများ အပြား ထွက်ပေါ်လာတော့မည်ဖြစ်သည်။
ရန်ကုန်မြို့ပြလူဦးရေက တဖြည်းဖြည်း တိုးပွားလာသည် ဖြစ်ရာ ဘတ်စ်ကားနှင့် မြို့ပတ်ရထားကို   အများဆုံးစီးနင်း သွားလာကြသဖြင့် နေ့စဉ်သွားလာနေကြသည့်  ပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့ပတ်ရထားကို  ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ရေး   တာဝန်ရှိသူများက     စီစဉ် ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခင်က မြို့ပတ်ဘူတာအများစုတွင် ခရီးသည်များအတွက်  ထိုင်ခုံပင်လုံလုံလောက်လောက်မရှိခဲ့။ ဘူတာရုံများ၏ ဥပဓိရုပ် များလည်း ကောင်းမွန်ခြင်းမမြင်ရ။ မြို့ပတ်ရထားများ ဝင်ချိန်၊ ထွက်ချိန်လည်း   မသေချာ မတိကျခဲ့။    ယခုအချိန်တွင် ဘူတာရုံ များ အဆင့်မြှင့်တင်မှုပြုလုပ်နေပြီဖြစ်ရာ    ရထားစီးခရီး သည်များအတွက် သက်သောင့်သက်သာထိုင်ကာ ရထားစောင့် ပြီး စီးနိုင်အောင် စီစဉ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြို့ပတ်ဘူတာအချို့သာ အဆင့်မြှင့် တင်မှုပြုလုပ်ပြီးသော်လည်း စီမံကိန်းအရ   မြို့ပတ်ဘူတာရုံများ ကို ဆက်လက်အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။ မြို့ပတ် ဘူတာရုံများလည်း  ရထားစီးခရီးသည်များအတွက် သက်သက် သာသာစောင့်ဆိုင်းပြီး ရထားစီးနိုင်ရန်    စီစဉ်နေခြင်းဖြစ်ရာ   မကြာမီ မြို့ပတ်ဘူတာရုံသစ်များ ထွက်ပေါ်လာတော့မည်ဖြစ် သည်။
အရှေ့တောင်အာရှနိုင်ငံအများအပြားတွင်    မြို့ပတ် ရထား၊ မြေအောက်ရထား ပြေးဆွဲမှုများက အရှိန်အဟုန်ဖြင့် အောင်မြင်လျက်ရှိပြီး    ရထားစီးခရီးသည်များအတွက် ယုံကြည်မှုအခိုင်အမာ ရရှိထားသည့် အနေအထား  ရောက်ရှိ နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် စီးပွားရေး မြို့တော်ဖြစ်ပြီး က္ဘာလှည့်ခရီးသွားအများစု   ဝင်ရောက်၊ ထွက်ခွာရာ  မြို့လည်းဖြစ်သည်။   လူနေထိုင်မှုတွင်လည်း မြန်မာနိုင်ငံ၌ အများဆုံးဖြစ်ရာ   မြို့ပတ်ရထားပြေးဆွဲမှုစနစ် ကို   ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်အောင်  ကြိုးစား နေခြင်းဖြစ်သည်။
လမ်းမတော်ဘူတာရုံ ပြင်ဆင်တည်ဆောက်ထားမှုကို ကြည့်ရှုရင်း ရန်ကုန်မြို့ပတ်ရထားအကြောင်း  အတွေးလွန် သွားရာမှ  လမ်းမတော်ဘူတာသို့ မြို့ပတ်ရထား  ဝင်ရောက် ဆိုက်ကပ်တော့မှ အတွေးပြတ်သွားသည်။ အဆင်း၊  အတက် လူများဖြင့်  တစ်ခဏတာ   ရှုပ်ထွေးသွားပြီးနောက်   ရထား ထွက်သွားရာ    ရထားတွဲပေါ်တွင်   ခရီးသည်က    အပြည့်။ ရန်ကုန်မြို့ပတ်ရထားစီးနင်းမှုအပေါ်   နေ့စဉ်  ခရီးသွားပြည်သူ များ၏ ယုံကြည်အားထားမှုရရှိစေရန်      ဆက်လက်အားထုတ် နေရဦးမည်ဖြစ်သည်။                     ။
သတင်း-ဝေယံဦး၊ ဓာတ်ပုံ-ကေဇင်(MMAL)

No comments:

Post a Comment