Latest News

Wednesday, December 13, 2017

" ရွှေဘိုမြို့ တွင် အိမ်ပေါ်တက်၍ ဓါးထောက်လုယက်မှုဖြစ်ပွား "

" ရွှေဘိုမြို့ တွင် အိမ်ပေါ်တက်၍ ဓါးထောက်လုယက်မှုဖြစ်ပွား "

ရွှေဘို  ဒီဇင်ဘာ(၁၃)

  စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့  တွင် ဒီဇင်ဘာလ(၁၂) ရက်နေ့  နံနက်(၂) နာရီအချိန်က အမှတ်(၂) ရပ်ကွက် ပြင်ဈေးတောင်ရပ်ရှိ နေအိမ်တစ်အိမ်၌ အိမ်ရှင်များအိပ်ပျော်နေစဉ် အိမ်အတွင်းဝင်ရောက်၍
ဓါးထောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့ မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် ထံမှသိရသည်

   ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၁၂) ရက်နေ့  နံနက်(၂) နာရီအချိန်က
တရားလို ဦးသာမွှေး သည် ၎င်းးနေထိုင်သောရွှေဘိုမြို့  အမှတ်(၂)ရပ်ကွက်ရှိ  နေအိမ်အောက်ထပ်တွင်  ဇနီးဖြစ်သူ မတင်မာနွယ် နှင့်အိပ်ပျော်နေစဉ် နေအိမ်အပေါ်ထပ်တွင် အိပ်သော သမီးဖြစ်သူ မစုပြည့်ချမ်းသာ နှင့်  မခင်ငြိမ်းငြိမ်းထက် ယောက္ခမဖြစ်သူ ဒေါ်ဌေးရွှင် တို့ ၏ အော်သံကိုကြားလိုက်ရသဖြင့်တရားလို၏ ဇနီးဖြစ်သူမှ နေအိမ်အပေါ်ထပ်သို့ အရင်တက်သွားရာ လှေကားအဆင်း၌ အမည်မသိအမျိုးသားတစ်ဦးမှလက်ထဲတွင်အသင့်ပါလာသောဓါးနှင့် တရားလို၏ဇနီးဖြစ်သူလည်ပင်းအားထောက်ထားပြီး တရားလိုအား
" ရှေ့ မတိုးလာနှင့် " ဟုပြောရာ တရားလိုမှလက်သီးနှင့်ထိုးလိုက်စဉ် နေအိမ်အောက်ထပ်သို့ ရောက်ရှိပြီး လုံးသတ်ခဲ့ကြရာ ၎င်းးအမည်မသိသူမှ ဓါးနှင့်တရားလိုအားထိုးခဲ့ ၍ ဒဏ်ရာများရရှိပြီး မတင်မာနွယ် နှင့် မစုပြည့်ချမ်းသာ တို့ တွင်လည်း ဒဏ်ရာများရရှိကာ ၎င်းအမည်မသိသူမှ ဓါးနှင့်ထောက်ကာ ရွှေထည်ပစ္စည်းများနှင့်ငွေများပေးရန်
တောင်းဆိုသဖြင့် သမီးဖြစ်သူလည်ပင်းမှ ဆွဲကြိုးအားဖြုတ်ပေးလိုက်ရာ ၎င်းးအမည်မသိသူမှ ဆွဲကြိုးအားယူပြီးထွက်ပြေးသွားခဲ့ ရာ တရားလိုဦးသာမွှေးမှ အုတ်ခဲကျိုးဖြင့် နေအိမ်အုတ်တံတိုင်းအားကျော်တက်နေသော လုယက်သူအား ပစ်လိုက်စဉ် လုယက်သူဦးခေါင်းအားထိမှန်၍ နေအိမ်ရှေ့ ရေမြောင်းအတွင်းပြုတ်ကျခဲ့ပြီး လုယူသွားသော ဆွဲကြိုး
နှင့် လုယက်စဉ်အသုံးပြုသော ဓါးမှာလွတ်ကျခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ဝိုင်းဖမ်းစဉ် ထွက်ပြေးသွားခဲ့ကြောင်းရွှေဘိုမြို့ မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်နေယုမောင် ထံမှ သိရသည်  လုယက်မှုဖြစ်စဉ်၌
တရားလိုဦးသာမွှေး ရရှိသော ဓါးဒဏ်ရာများမှာ
လည်ပင်းဝဲဘက်ထိုးသွင်းဒဏ်ရာ(၁) ချက်  ဝဲဘက်လက်ဖျံထိုးသွင်းဒဏ်ရာ(၁) ချက် (မစိုးရိမ်ရ) နှင့် တရားလို၏ဇနီး
ဖြစ်သူ မတင်မာနွယ် ရရှိသောဒဏ်ရာများမှာ ဝဲဘက်လက်ဖျံတွင်အရှည်(၁) လက်မခန့် ပြတ်ရှဒဏ်ရာ ဦးခေါင်းနောက်
စေ့ ဝဲဘက်ခြမ်းအရှည်(၁) လက်မခန့် ရှိ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)  သမီးဖြစ်သူ မစုပြည့်ချမ်းသာ ရရှိသောဒဏ်ရာ
များမှာ ယာဘက်လည်ပင်းတွင်(၃) လက်မခန့်  ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) တို့ ဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ
သိရသည် ထို့ ကြောင့်ဒဏ်ရာများရရှိအောင်ပြုလုပ်ကာ ဆွဲကြိုးအားယူဆောင်ထွက်ပြေးသွားသူ အမည်မသိအမျိုးသား
(သ) ၄၀ နှစ်ခန့်  (လူမြင်လျှင်မှတ်မိ) သူအား အရေးယူပေးပါရန် တိုင်တန်းသောအမှုဖြစ်ကြောင်းသိရသည်အဆိုပါအမှုအား ရွှေဘိုမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်မောင် မှ အမှုစစ်အဖြစ်ဆောင်ရွက်လျက်ရှိပြီး ရွှေဘိုမြို့ မရဲစခန်းက မှုဖွင့်အရေးယူဆောင်ရွက်နေပြီး
တရားခံအမြန်ဆုံးဖမ်းဆီးရနိုင်ရေးအတွက်ကြိုးစားဆောင်ရွက်နေကြောင်း ရွှေဘိုမြို့ မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် ကပြောကြားသည်။

 မိုးသောက်(ရွှေဘို)(MMAL)

No comments:

Post a Comment