Latest News

Wednesday, December 6, 2017

ဘားအံ-ဇာသပြင်ကားလမ်းတွင်ယာဉ်တစ်စီးအရှိန် လွန်ပြီး လမ်းဘေးသစ်ပင်အားဝင်တိုက်မိ၍ ယာဉ်မောင်းသူသေဆုံး

ဘားအံ-ဇာသပြင်ကားလမ်းတွင်ယာဉ်တစ်စီးအရှိန် လွန်ပြီး လမ်းဘေးသစ်ပင်အားဝင်တိုက်မိ၍ ယာဉ်မောင်းသူသေဆုံး

ဘားအံ-ဇာသပြင်ကားလမ်းကော့ကျိုက်ကျေးရွာနှင့်ကော့ဒန်း မယ်ကျေးရွာကြားတွင်ဒီဇင်ဘာ ၅ရက်နေ့ည၇နာရီ၅၀ အချိန်ခန့်ကမော်တော်ယာဉ်တစ်စီးအရှိန်လွန်၍လမ်းဘေးရှိမလေးရှားသစ်ပင်ဝင်တိုက်မိခဲ့ပြီးယာဉ်မောင်းသူမှာရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။

 ဘားအံ-ဇာသပြင်ကားလမ်းကော့ကျိုက်ကျေးရွာနှင့်ကော့ ဒန်းမယ်ကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွါးကြောင်းသတင်းအရ
ထုံးအိုင်နယ်မြေရဲစခန်းမှူးရဲအုပ်ညီညီမိုး၊တာဝန်မှူး ဒုရဲအုပ်အောင်မင်းဦးနှင့်တပ် ဖွဲ့ဝင်များသည် သက်သေများနှင့်အတူအခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဘားအံ-ဇာသပြင်ကားလမ်း မိုင်တိုင်အမှတ်(၁/၂)တွင်ဇာသပြင်ဘက်မှဘားအံဘက်သို့မောင်းနှင် လာသောယာဉ်တစ်စီးမှာလမ်းဘေးသစ်ပင်အားဝင်တိုက်မိ၍ယာဉ်မောင်းသတိလစ်နေသည်ကိုတွေ့ရှိရပြီးယာဉ်မောင်းတွင်ပါလာသောဖုန်းဖြင့်
ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာယာဉ်တိုက်မှုမှယာဉ်မောင်းသူမှာ ဦးမိုးလွင်ဦး ၊(၅၀)နှစ်၊ဇရပ်ဖြူရွာ၊လှာကာကျေးရွာအုပ်စုနေသူဟုသိရပြီး ၎င်းမောင်းနှင်လာသော7J/-----နံပါတ်တပ်TOYOTA WISH အမျိုးအစားအဖြူရောင်(လိုင်စင်ရှိ)ယာဉ်ဖြင့်လမ်းဘေးရှိ မလေးရှားပိတောက်ပင်အားအရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်း ဦးမိုးလွင်ဦးတွင်ဝဲဂျိုစောင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ယာပါးပွန်းပဲ့၊သတိမရ(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ည၈နာ၁၀မိအချိန်ဘာအံပြည်သူ့ဆေးရုံကြီးသို့ရဲဆေးစာဖြင့်တင်ပို့ကုသစဉ်ည၈နာရီ၂၀ အချိန် သေဆုံး သွားခဲ့ ကြောင်းသိရသည်။
      ထို့ကြောင့်မိမိကိုယ်မိမိသေဆုံးအောင်ယာဉ်မဆင်မဆင်မခြင်မောင်းနှင်သူ ဦးမိုးလွင်ဦးအား ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment