Latest News

Thursday, December 7, 2017

ဖမ်းမိထားသောစက်တပ်ဆင်လင်းယုန်ဟုယူဆရသည့်ဌက်ကြီးကို ရတနာပုံတိရစ္ဆာန်ဥယာဉ်သို့ပို့ဆောင်မည်

ဖမ်းမိထားသောစက်တပ်ဆင်လင်းယုန်ဟုယူဆရသည့်ဌက်ကြီးကို
ရတနာပုံတိရစ္ဆာန်ဥယာဉ်သို့ပို့ဆောင်မည်

   ဒီဇင်ဘာ၆ရက်နံနက်ပိုင်းကမင်းကင်းမြို့နယ်သာစည်ရွာတွင်ဖမ်းမိသောလင်းယုန်ဟုယူဆရသောငှက်ကြီးကိုမင်းကင်းမြို့နယ် သစ်တောဦးစီးဌာနကထိမ်းသိမ်းစောင့်ရှောက်ကာမန္တလေးမြို့ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှတိမွေးကုဆရာဝန်ကစစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

  ``တပ်ထားတဲ့စက်မှာမွန်ဂိုးလီးယားလို့ရေးတာပါတယ်။ဖမ်းမိထားတဲ့လင်းယုန်လို့ ယူဆရတဲ့အကောင်ကိုမန္တလေးရတနာပုံ တိရစ္ဆာန်ဥယာဉ်က ဆရာဝန်ကမင်းကင်းသစ်တောဦးစီးဌာနမှာသွားရောက်ဆေး စစ်မှာဖြစ်ပါတယ်။ဆေးစစ်လို့ကျန်းမာရေးကုသဖို့
လိုမယ်ဆိုရင်ဆေးကုသပေးပြီးရတနာပုံတိရစ္ဆာန်ဥယာဉ်ကိုခေါ်သွားပြီးထိန်းသိမ်းဖို့စီစဉ်နေပါတယ်။´´ဟုစစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီဌာနညွှန်ကြားရေးမှုးချုပ်ဦးခင်မောင်ဝင်းကပြောသည်။

   မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်ရောက်မှသာတပ်ထားသောစက်ကိုဆက်သွယ်ဆောင်ရွက်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
`` အဲဒီရောက်မှဘဲတပ်ထားတဲ့စက်ကိုစစ်ဆေးပြီးဆက်သွယ်ဆောင်ရွက်စရာဆက်လုပ်သွားမှာပါ။အကြမ်းဖျဉ်းယူဆရတာကသုတေသနလုပ်ဖို့စက်တပ်ပေးလိုက်တဲ့ အကောင်ဖြစ်မှာပါ။လက်ရှိမင်းကင်းသစ်တောဦးစီး ဌာနမှာထိန်းသိမ်းထားတာကျန်းမာ ရေးအခြေအနေ ကတော့ကောင်း ပါတယ်။မွန်ဂိုးလီးယားလို့ရေးထားပေမယ်ဘယ်နိုင်ငံဘယ်အဖွဲ့ကလို့တိတိကျကျမသိရသေးပါဘူး။အားလုံးစစ်ပြီးမှတိတိကျကျသိရပြီဆိုရင်ဆက်သွယ်ပေးပို့သွားမှာပါ။အခုချိန်ထိတော့ဒီငှက်ကြီးနဲ့ပတ်သက်ပြီးဘယ်ကမှဆက်သွယ်လာတာမရှိသေးပါဘူး။´´ဟုဦးခင်မောင်ဝင်းကဆက်ရှင်းပြသည်။    ကျောတွင်စက်တပ်ထားသော လင်းယုန်တစ်ကောင်ကို စစ်ကိုင်းတိုင်းဒေသကြီးမင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် ဒီဇင်ဘာလ၆ရက်နံနက်ကဖမ်းမိခဲ့ခြင်းဖြစ်သည်။
  ``မနေ့မနက်ကရွာနားကကောက်ရီုးပုံမှာလာနားတုန်းရွာသားတစ်ဦးက လေးခွနဲ့ ပစ်ဖမ်းလိုက်တာပါ။ဘာ့ကြောင့်စက်တပ်ထားတယ်။ ဘာစက်ဆိုတာကိုတော့မသိပါဘူး´´ဟုမင်းကင်းဒေသခံကိုကျော်မျိုးလင်းကဆိုသည်။

  လင်းယုန်၏ကျောတွင်စက်တပ်ဆင်ထားသည့်အပြင်ခြေထောက်တွင်လည်းအမှတ်စဉ်ပါသည့်သံကွင်းတစ်ခုတပ်ဆင်ထားကြောင်းသိရသည်။

   မင်းကင်းမြို့နယ် တောင်တွင်းချောင် ၃၆ရွာမှတစ်ရွာအပါအဝင်ဖြစ်သည့် သာစည်ရွာ၏အပြင်ဖက်ကောက်ရိုးပုံပေါ်နားနေစဉ်လင်းယုန်ငှက်ကိုရွာသားတစ်ဦးကလေးခွဖြင့်ပစ်ပြီးအသက်ရှင်လျက်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

  ``အများကြားမှာဒီလင်းယုန်မှာတပ်ထားတဲ့စက်ကဘာဖြစ်နိုင်တယ်။
ဘာဆက်ဖြစ်နိုင်တယ်ဆိုတဲ့စိုးရိမ်တကြီးပြောနေကြတာ တွေဟာမဟုတ်ပါဘူး။သုတေသနလုပ်ဖို့အတွက်တပ်လိုက်တဲ့စက်ဆိုတာကတော့သေချာပါတယ်။စိုးရိမ်စရာမရှိပါဘူး။ဘယ်နိုင်ငံကဘာအတွက်ဆိုတာကိုတော့နေပြည်တော်ကသားငှက်ထိန်းသိမ်းရေးဌာနတာ ဝန်ရှိသူတွေနဲ့ဆက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။´´ဟုဦးခင်မောင်ဝင်းကဒီဇင်ဘာလ၇ရက်နံနက်ပိုင်းကပြောကြားသည်။

            မျိုးဝင်းထွန်း  မုံရွာ

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post