Latest News

Thursday, December 21, 2017

ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းပို့ချ

ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းပို့ချ

ညောင်တုန်း ဒီဇင်ဘာ ၂ဝ

ကြီးကြပ်ရေးအဖွဲ့ဝင်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းပို့ချသည့် သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင် တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဥပဒေ အရာရှိ ဒေါ်နှင်းသီတာဌေးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာစမ်းက ကြီးကြပ်ရေး အဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မြင့်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဇော်တို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် ဝတ္တရားများ၊ သတ်မှတ်ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ အရည်အချင်း သတ်မှတ်ချက်များကို ကောင်းမွန်စွာသိရှိ လိုက်နာပြီး လုပ်ငန်းစဉ် သတ်မှတ်ချက်များနှင့် အညီ မှန်မှန်ကန်ကန် ဆောင်ရွက်သွားကြရန် တို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြ သူများက သိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ သင်တန်းသို့ ရပ်ကွက်/ကျေးရွာ အုပ်စု၅၂ အုပ်စုမှ ကြီးကြပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment