Latest News

Monday, December 11, 2017

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်နှင့် ယူရိုပါလိဂ် ၃၂သင်းအဆင့်ပွဲစဉ်များ ထွက်ပေါ်

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်နှင့် ယူရိုပါလိဂ် ၃၂သင်းအဆင့်ပွဲစဉ်များ ထွက်ပေါ်

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အသင်းများကို ဒီဇင်ဘာ ၁၁ရက် (တနင်္လာနေ့) ညနေပိုင်းတွင် ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ခဲ့သည်။

အုပ်စုပထမနှင့်     ဒုတိယအသင်း များခွဲ၍ မဲနှိုက်ရွေးချယ်ခဲ့ရာတွင် အီတလီ ကလပ် ဂျူဗင်တပ်စ်နှင့်  အင်္ဂလန်ကလပ် စပါး၊ ဆွစ်ဇာလန်ကလပ် ဘေဆယ်လ်နှင့် အင်္ဂလန် ကလပ် မန်စီးတီး၊ ပေါ်တူဂီကလပ် ပေါ်တိုနှင့်    အင်္ဂလန်ကလပ်    လီဗာပူး၊ စပိန်ကလပ် ဆီဗီလာနှင့် အင်္ဂလန်ကလပ် မန်ယူ၊    စပိန်ကလပ်    ရီးရဲမက်ဒရစ်နှင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီ၊ ယူကရိန်း ကလပ် ရှက်တာဒိုးနက်ခ်နှင့်   အီတလီ ကလပ်ရိုးမား၊ အင်္ဂလန်ကလပ် ချယ်လ်ဆီး နှင့်   စပိန်ကလပ်   ဘာစီလိုနာ၊   ဂျာမနီ ကလပ် ဘိုင်ယန်မြူးနစ်နှင့် တူရကီကလပ် ဘက်ဆစ်တပ်စ်တို့ တွေ့ဆုံခဲ့သည်။

ချန်ပီယံလိဂ်    ၁၆    သင်းအဆင့် ပွဲစဉ်များကို   ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ နှင့်    မတ်လတွင်   အပြီးသတ်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။   ကွာတားဖိုင်နယ်နှင့်   ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၂ဝ၁၈ ခုနှစ် ဧပြီလနှင့်  မေလတွင်   ယှဉ်ပြိုင်မည်ဖြစ်ပြီး   ဗိုလ်လုပွဲကြီးကို ၂ဝ၁၈ ခုနှစ် မေ ၂၆ ရက် ညပိုင်းတွင်   ယူကရိန်းနိုင်ငံ   ကိဗ်မြို့   အိုလံပစ်စကီးကွင်းကြီး၌ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ချန်ပီယံလိဂ်ပွဲစဉ်များ     ရွေးချယ် အပြီးတွင် ယူရိုပါလိဂ် ၃၂  သင်းအဆင့် ပွဲစဉ်များကို ဆက်လက်ရွေးချယ်ခဲ့သည်။ ၃၂သင်းအဆင့်တွင် တွေ့ဆုံမည့်အသင်း များမှာ ဒေါ့မွန်နှင့် အတ္တလန္တာ၊ နိုက်စ်နှင့် လိုကိုမိုးတစ်မော်စကို၊ ကိုပင်ဟေဂင်နှင့် အက်သလက်တီကို၊ စပါးတပ်မော်စကိုနှင့် ဘီလ်ဘာအို၊ အေအီးကေအေသင်နှင့် ဒိုင်နမိုကိဗ်၊    ဆဲလ်တစ်နှင့်   ဇင်းနစ်၊ နာပိုလီနှင့်   လိုက်ပ်ဇစ်၊     ကာဗီနာနှင့် စီအက်စ်ကေအေမော်စကို၊ လိုင်ယွန်နှင့် ဗီလာရီးရဲလ်၊  ဆိုစီဒက်နှင့်  ဆာ့လ်ဘတ်၊ ပါတီဇန်နှင့် ဗစ်တိုးရီးယားပါလ်ဇန်၊  စတူ အာဘူခါရက်နှင့်  လာဇီယို၊  လူဒိုဂိုရက်စ် နှင့်   အေစီမီလန်၊   အက်စ်တာနာနှင့် စပို့တင်းလစ္စဘွန်း၊   အော့စ်တာဆန့်နှင့် အာဆင်နယ်၊    မာဆေးနှင့်   ဘရာဂါတို့ တွေ့ဆုံခဲ့သည်။

ယူရိုပါလိဂ်         ဗိုလ်လုပွဲကြီးကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌     ယှဉ်ပြိုင်  သွားမည်ဖြစ်သည်။                           သီဟ(MMAL)

No comments:

Post a Comment