Latest News

Monday, December 11, 2017

သမီးအတွက် မေတ္တာအပြည့်အဝ ပေးနိုင်အောင် ကြိုးစားနေပါတယ်ဟု မျိုးစန္ဒီကျော်ပြော

သမီးအတွက် မေတ္တာအပြည့်အဝ ပေးနိုင်အောင် ကြိုးစားနေပါတယ်ဟု မျိုးစန္ဒီကျော်ပြော

သရုပ်ဆောင် မျိုးစန္ဒီကျော်က အနုပညာလုပ်ငန်းများ ခေတ္တ ရပ်နားကာ စီးပွားရေး လုပ်ငန်းတွင်  အခြေချ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ''အခု အစ်မ ကားလုပ်ငန်း လုပ်ကိုင်နေပါတယ်။

အစ်မဆီမှာ ရှိနေတဲ့ကားတွေကို ကုမ္ပဏီ တွေကိုငှားတယ်။ နောက် ခရီးသွား ကုမ္ပဏီတွေကို ရောပေါ့။ စစချင်းတော့ ဘယ်လုပ်ငန်းမဆို အဆင်ပြေတာ ရှိသလို မပြေတာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုတော့ အစ်မလုပ်ငန်းတွေ အားလုံး အဆင်ပြေပါတယ်။

ဒီတော့ စိတ်ချမ်းသာမှုရတယ်။ ပြီးတော့ သမီးလေးကိုလည်း  ကိုယ်ပိုင် အရည်အချင်းနဲ့ ပြုစုပျိုးထောင်ပေးနိုင်တယ်။ အခုချိန်မှာတော့ အစ်မရဲ့ မိဘ မောင်နှမတွေနဲ့ နေရတာ ပိုစိတ်ချမ်းသာတယ်။ နောက်ထပ်လည်း စီးပွားရေး လုပ်ငန်းတွေ ထပ်တိုးချဲ့နိုင်အောင် ကြိုးစားမှာပါ။

အစ်မအနေနဲ့ သမီးလေးအတွက် မိခင်ကောင်း တစ်ယောက် ဖြစ်အောင်  ကြိုးစားရမှာပါ။ မိခင်မေတ္တာကို အပြည့်အဝ ပေးနိုင်အောင် ကြိုးစားနေပါတယ်'' ဟု မျိုးစန္ဒီကျော်က ပြောသည်။ သူမအနေဖြင့် ကိုယ်အလေးချိန် ပြန်ကျသည့် အခါ အခွင့်သင့်လျှင် ဇာတ်ကားများ ပြန်လည်လက်ခံ ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment