Latest News

Tuesday, December 12, 2017

လွှတ်တော်က လက်ဝှေ့ ကြိုးဝိုင်းမဟုတ်ဘူးလို့  ဦးအောင်ကျော်ခိုင် သတိပေး


လွှတ်တော်ဟာလက်ဝှေ့ ကြိုးဝိုင်းမဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကဒီဇင်ဘာလ(၁၂)ရက်နေ့  မှာကျင်းပတဲ့ ဒုတိယအကြိမ်လွတ်တော် န၀မပုံမှန်အစည်းဝေးရဲ့  အဖွင့်မိန့်ခွန်း မှာပြောဆိုလိုက်ပါတယ်။

ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အကျိုးဆောင်ရွက်ဖို့ တာဝန်ယူနေရတဲ့ သူတွေဖြစ်တာကြောင့် ကိုယ်စားလှယ်တွေအချင်း ချင်းအချင်းများ ရန်ဖြစ်နေစရာမလိုဘူးလို့ လည်းပြောပါတယ်။ ဒါက လွှတ်တော်ရဲ့ 
အစည်းဝေးကိုးကြိမ်မြောက် မှာထည့်သွင်းပြောဆို တာဖြစ်သလို အစိုးရအဖွဲ့ ရဲ့ (၂)နှစ်တာ ကာလကျော်
အကြာမှာပြောဆိုလာတာပါ။ တစ်ဖက် မှာကလည်းပြည်သူတွေအနေနဲ့  အစိုးရသက်တမ်း(၂)နှစ်ကျော်ကာလအချိန်မှာ အားမလို အားမရဖြစ်လာတဲ့ အခြေနေတွေကလည်းရှိလာပါတယ်။ ပြည်သူတွေ မျှော်
လင့်ချက်တွေ မြင့်တက်လာချိန် အထူးသဖြင့်လယ်ယာ မြေနဲ ပတ်သတ်တဲ့ မေးခွန်းတွေမှာအစိုးရရဲ့ ဖြေဆိုမှုတစ်ချို့ ကို အချို့ သောလွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်လာတာတွေလည်းရှိလာပါတယ်။

အခြားသောနိုင်ငံတွေက လွှတ်တော်တွေမှာတော့ ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ အကြား အငြင်းပွားမှုတွေက လွှတ်တော်အတွင်းမှာပဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ တာတွေတော့ရှိပါတယ်။
 ထက်ဝဠာမင်း

No comments:

Post a Comment