Monday, December 25, 2017
အင်တာနက် ဝက်ဆိုဒ် ၁၃ဝဝဝ ကျော် တရုတ်ပိတ်ပင်
၂ဝ၁၅ ခုနှစ်ကစပြီး တရုတ်အစိုးရက ပိတ်ပင် သို့မဟုတ် လိုင်စင်ရုပ်သိမ်းခဲ့တဲ့ အင်တာနက် ဝက်ဆိုဒ် အရေအတွက် ၁၃ဝဝဝ တသောင်းသုံးထောင်ကျော်ရှိတယ်လို့ နိုင်ငံပိုင် ဆင်ဝှာသတင်းဌာနက တနင်္ဂနွေနေ့ မနေ့က ကြေညာပါတယ်။ တရုတ်ပြည်က ပိတ်ပင်ထးတဲ့ အင်တာနက် စာမျက်နှာတွေထဲမှာ Google, Facebook, Twitter နဲ့ New York Times စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် စည်းကမ်းနဲ့မညီတဲ့ အင်တာနက်သုံးစွဲသူ ၁ဝ သန်းနီးပါးကိုလည်း စာရင်းပိတ်ပြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုပိတ်ပင်ရတာဟာ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အချက်အလက်တွေကို တင်ပြမှုကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် အရေးယူရတာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောကြားလေ့ရှိပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အင်တာနက် ဝက်ဆိုဒ် ၁၃ဝဝဝ ကျော် တရုတ်ပိတ်ပင်
Reviewed by timeayeyar
on
1:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment