Latest News

Monday, December 25, 2017

အိုက်ခေါတော်စေတီတော်မြတ်ကို ရွှေသင်္ကန်းနှင့် ကောက်ဦးဆွမ်း စုပေါင်းကပ်လှူမည်



ဗန်းမော် ဒီဇင်ဘာ၂၄

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွှေကျီးနား ကျေးရွာရှိ အိုက်ခေါတော်စေတီတော်မြတ်အား ဗန်းမော်ခရိုင်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်ဝင်များ စုပေါင်း၍ ၄၁ ကြိမ်မြောက် ကောက်ဦးဆွမ်း စုပေါင်းကပ်လှူပွဲနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကို ပြာသိုလဆန်း ၁၅ ရက်(ဇန်နဝါရီ ၁ ရက်)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကောက်ဦးဆွမ်း ကပ်လှူပူဇော်ပွဲကို ၁၉၇၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်များမှ ရှမ်းမျိုး နွယ်ဝင်များ ညအိပ်လာရောက်၍ ကျေးရွာ အလိုက် ရှမ်းရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေ ခြင်း၊ အကယှဉ်ပြိုင်ကြခြင်း၊ ဆွမ်းကပ်ခြင်း၊ ဆွမ်း ဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်ကြ ကြောင်း၊ ကောက်ဦးဆွမ်း ကပ်လှူပူဇော်ပွဲတွင် နံနက်၎ နာရီမှစ၍ အိုက်ခေါတော်စေတီတော် မြတ်အား ရွှေသင်္ကန်း၊ ကောက်ဦးဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကာ နံနက် ၇ နာရီတွင် သံဃာတော်အပါး ၂ဝဝ ကျော်နှင့် သီလ ရှင်အပါး ၁ဝဝ ကျော်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ကပ်လှူပြီး ဆွမ်းဆန်စိမ်းများလည်း လောင်းလှူကြမည်ဖြစ်ကြောင်း၊ စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသားကျောင်းသူများ ကိုလည်း ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလေးက ပြော သည်။

ထို့အပြင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် စာစီ စာကုံးပြိုင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ကာ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လူငယ်ဘောလုံးပွဲ၊ အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ရှမ်းရိုးရာ ယဉ်ကျေးမှု အကအလှပြိုင်ပွဲများလည်း ပါဝင် မည်ဖြစ်ကြောင်း၊ ရှမ်းရိုးရာယဉ်ကျေးမှု အဆို အက အစီအစဉ်များနှင့် ခေတ်ပေါ် စတိတ်ရှိုး အစီ အစဉ်များ စသည့် ဖျော်ဖြေရေးအစီအစဉ်များ လည်း ထည့်သွင်းကာ စည်ကားစွာကျင်းပသွား မည်ဖြစ်ကြောင်း ကောက်ဦးဆွမ်း စုပေါင်းကပ်လှူ ပူဇော်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

မင်းမင်းဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment