Latest News

Friday, December 22, 2017

မင်းသား ဟယ်ရီနဲ့ မက်ဂန်မာကယ်လ်တို့ရဲ့ စေ့စပ်ပွဲဓာတ်ပုံများ ထုတ်ဖော်ပြသ

မင်းသား ဟယ်ရီနဲ့ မက်ဂန်မာကယ်လ်တို့ရဲ့ စေ့စပ်ပွဲဓာတ်ပုံများ ထုတ်ဖော်ပြသ

ဝေလမင်းသား ဟယ်ရီနဲ့  ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ မက်ဂန်မာကယ်လ်တို့ဟာ  မင်္ဂလာပွဲသတင်းကို  ထုတ်ဖော်ပြောကြားခဲ့ပြီး တဲ့နောက် လတ်တလောမှာတော့ နှစ်ဦးသားစေ့စပ်ခဲ့ကြတဲ့ပွဲက ဓာတ်ပုံတွေ ကို တရားဝင်ထုတ်ဖော်ပြသခဲ့ကြောင်း ဖောက်ဇ်နယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက် တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ကင်းစတမ်းရွိုင်ယယ်ရဲ့  လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေတစ်ဆင့် ဓာတ်ပုံ တွေကို ထုတ်ဖော်ပြသလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီပုံတွေမှာ တော့ ဟောလိဝုဒ်မင်းသမီးကို တော်ဝင်အငွေ့အသက်တွေနဲ့ ပထမဆုံးအကြိမ် အဖြစ် တွေ့မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မင်းသားဟယ်ရီက သူနဲ့ မက်ဂန်မာကယ်လ်တို့ရဲ့ စေ့စပ်ပွဲအမှတ်တရ အဖြစ် ဒီလိုဓာတ်ပုံတွေကို တရားဝင်ထုတ်ဖော်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ တော်ဝင်စုံတွဲရဲ့ မင်္ဂလာပွဲကိုတော့ လာမယ့် ၂ဝ၁၈ ခုနှစ် မေ ၁၉ ရက်မှာ ဝင်ဆာရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ဂ်ျဘုရားရှိခိုးကျောင်းမှာ ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

အေးပြည့်

No comments:

Post a Comment