နယူးယောက်မှာ မျက်နှာဖုံးဓာတ်ပုံသွားရောက်ရိုက်ကူးခဲ့တဲ့ ဆိုးဟွန်
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Girls' Genertion''ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အေဂျင်စီသစ်ရဲ့ လက်အောက်မှာ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည် စတင်လာခဲ့ပြီဖြစ်တဲ့ ဆိုးဟွန်ဟာ ကိုရီးယားနိုင်ငံထုတ် ''Nylon''မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ဖော်ပြခြင်းခံခဲ့ရကာ မျက်နှာဖုံးဓာတ်ပုံကိုတော့ နယူးယောက်မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလောမှာတော့ အဆိုပါဖက်ရှင်မဂ္ဂဇင်းအတွက် ရိုက်ကူးထားတဲ့ မျက်နှာဖုံးဓာတ်ပုံနဲ့အတူ အခြားသော အလှဓာတ်ပုံတွေကို မဂ္ဂဇင်းရဲ့ တရားဝင် လူမှုကွန်ရက် မီဒီယာစာမျက်နှာပေါ်ကနေတစ်ဆင့် ထုတ်ဖော်ပြသလာခဲ့ပြီး ယင်းဓာတ်ပုံတွေမှာတော့ ဆိုးဟွန်ကို နယူးယောက်ရဲ့ လမ်းမတွေပေါ်မှာ ရိုက်ကူးထားတာကို တွေ့ရပါတယ်။
ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ် အနုပညာခရီးစခဲ့တဲ့ ဆိုးဟွန်ဟာ မကြာ သေးမီက ဇာတ်လမ်းတွဲရုပ်ရှင်တစ်ကားမှာပါဝင်ခဲ့ပြီး သူ့ရဲ့ရုပ်ရှင် ''Bad Thief, Good Thief''ကိုMBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။
အေးပြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment