Latest News

Wednesday, December 13, 2017

ဟာဇက် မကြောက်ဘူးလို့ ပြောခဲ့တဲ့ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတွေ့

ဟာဇက် မကြောက်ဘူးလို့ ပြောခဲ့တဲ့ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတွေ့

ချယ်လ်ဆီးစူပါစတား ဟာဇက်ဟာ ချန်ပီယံလ်ဂ်အုပ်စု
နောက်ဆုံးပွဲအပြီး ''ကျွန်တော်တို့က အပြာရောင်ချယ်လ်ဆီး ပါ။ ဒါကြောင့်  ဘာစီလိုနာဖြစ်ဖြစ်၊ ပီအက်စ်ဂျီ ဘယ်အသင်း နဲ့ ရင်ဆိုင်တွေ့တွေ့ ကြောက်ရွံ့မှာ မဟုတ်ဘူး''လို့ ဆိုခဲ့တာပါ။ ဟာဇက်ဟာ ချယ်လ်ဆီးအနေနဲ့  အုပ်စုနောက်ဆုံးပွဲမှာ အက်သလက်တီကိုကို သရေသာ ကစားနိုင်ခဲ့အပြီး အုပ်စု ဒုတိယနေရာသာ ရရှိခဲ့ပြီးနောက် အထက်ပါအတိုင်း  ပြောကြားခဲ့တာဖြစ်ပါတယ်။

 ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေရဲ့ မဲခွဲမှု
ကို ဒီဇင်ဘာ ၁၁ရက်ကျင်းပခဲ့ရာမှာ ချယ်လ်ဆီးက ဘာစီ
လိုနာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကို ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်း
ဖြစ်တာကြောင့် ဒါဟာ ချယ်လ်ဆီးအတွက် ကံဆိုးမှုလို့ ဆိုရ
မှာဖြစ်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ တစ်အုပ်စုတည်းကျ
ရောက်ခဲ့တဲ့ ရိုးမား၊ အုပ်စုဗိုလ်ရ အင်္ဂလန်အသင်းလေးသင်း ကို ရှောင်လွှဲနိုင်တဲ့ မဲခွဲဆုံးဖြတ်မှုမှာ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊
ဘီဆီတပ်စ် သုံးသင်းထဲက တစ်သင်းကတော့ သေချာပေါက်
တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီထဲကမှ ချယ်လ်ဆီးဟာ ဘီဆီ
တပ်စ်လို အသင်းနဲ့ မတွေ့ဆုံရဘဲ ဘာစီလိုနာလို အသင်းနဲ့ တွေ့ဆုံခဲ့ရတာကြောင့် ချယ်လ်ဆီးအနေနဲ့ ဒီအဆင့်မှာပဲ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ရဖို့ များနေပါပြီ။

မေလဲ့သင်း (MMAL)

No comments:

Post a Comment