Latest News

Wednesday, December 6, 2017

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဘီဝမ်းဘီ ဗုံးကြဲလေယာဉ်များ ပူးပေါင်းပါဝင်လာ

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်
ဘီဝမ်းဘီ ဗုံးကြဲလေယာဉ်များ ပူးပေါင်းပါဝင်လာ

အမေရိကန် ဘီဝမ်းဘီ ဗုံးကြဲလေယာဉ် တစ်စင်းသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန် နှင့် တောင်ကိုရီးယား အကြီးအကျယ်           ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း   သိရသည်။ မြောက်ကိုရီးယားနှင့်    အမေရိကန် ပြည်ထောင်စုတို့ တင်းမာမှုမြင့်တက်နေ ချိန်တွင် မြောက်ကိုရီးယားက ယင်းပူးတွဲ စစ်ရေးလေ့ကျင့်မှုကို    ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာအောင်  တွန်းပို့နေခြင်းဖြစ် ကြောင်း  လူသိရှင်ကြား  ထုတ်ဖော် ပြောကြားခဲ့သည်။

ဗုံးကြဲလေယာဉ်သည် အမေရိကန် က အုပ်ချုပ်သည့်  နယ်နိမိတ်ဖြစ်သည့် ဂူအမ်မှ ပျံသန်းလာခဲ့ပြီး အမေရိကန် အက်ဖ် ၂၂ နှင့် အက်ဖ် ၃၅ တိုက်လေယာဉ် တို့ နှစ်စဉ်ပုံမှန် ပြုလုပ်မြဲဖြစ်သည့် စစ်ရေး လေ့ကျင့်မှုအတွင်း ပူးပေါင်းပါဝင်လာခဲ့ သည်။

မြောက်ကိုရီးယားနိုင်ငံက ¤င်းသည် နည်းပညာကို အမြင့်ဆုံးဆန်းသစ်ထား သည့်     တိုက်ချင်းပစ်ဒုံးကျည်များကို အမေရိကန်ကုန်းမြေပေါ်ရောက်ရှိနိုင် သော   စမ်းသပ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ယင်းစစ်ရေး လေ့ကျင့်မှုပေါ်ထွက်လာခြင်း   ဖြစ်သည်။  ဗုံးကြဲ လေယာဉ်ပျံသန်းမှုနှင့်   ပတ်သက်၍ မေးမြန်းရာတွင်  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန     ပြောရေးဆိုခွင့်ရှိသူ ဂမ်ရှောင်က  သက်ဆိုင်ရာအဖွဲ့အစည်း များသည်   ကန့်သတ်ချက်များကို ဆက်လက်   ထိန်းသိမ်းထားနိုင်ပြီး ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှု များမြင့်တက်လာစေမည့် အရာမှန်သမျှ ကို  မလုပ်အောင် ထိန်းချုပ်နိုင်ရန် ၄င်း တို့က မျှော်လင့်ကြောင်း  ပေကျင်းရှိ ပုံမှန် သတင်းထုတ်လွှင့်မှုတွင်     ပြောဆိုခဲ့ သည်။

မြောက်ကိုရီးယားသည်    တောင် ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့ကို ဖျက်ဆီးပစ်မည်ဟု ပုံမှန်ခြိမ်းခြောက်နေ ပြီး ¤င်း၏ နိုင်ငံပိုင်  ကိုရီးယားသတင်း အေဂျင်စီက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည်    စစ်ရေးလေ့ကျင့်မှုများ ခင်းကျင်းလာခြင်းအားဖြင့် နျူကလီးယား စစ်ပွဲဖြစ်ပွားအောင် တောင်းဆိုလျက်ရှိ နေကြောင်း ဖော်ပြခဲ့သည်။    

Ref; Reuters
မြန်မာ့အလင်း 

No comments:

Post a Comment