Latest News

Wednesday, December 20, 2017

စက်သုံးဆီဈေး ဆက်တက်

စက်သုံးဆီဈေး ဆက်တက်

ဆက်တိုက် မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် နိုဝင်ဘာလကထက် ယခုလအတွင်း လက်လီဈေးကွက်၌ တစ်လီတာလျှင် ကျပ် ၃၀ ခန့် မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ယခင်လကထက် လက်ကားဈေးနှုန်းမှာ တစ်လီတာလျှင် ၃၅ ကျပ်မှ ၄၅ ကျပ်အထိ မြင့်တက်ပြီး ယင်းကာလအတွင်း ပြည်ပဈေးမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာမှ ၃ ဒေါ်လာအထိ မြင့်တက်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများသည် နိုဝင်ဘာလအတွင်းကထက် ပြည်ပ ဈေးနှုန်းမြင့်တက်သကဲ့သို့ အမေရိကန် ဒေါ်လာ လဲလှယ်နှုန်း အနည်းငယ် မြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောကြားသည်။

ယခုလအတွင်း ပြည်ပ စက်သုံးဆီ ဈေးနှုန်းသည် မြင့်တက်သည်ဟုဆိုသော်လည်း ယခင်လများကထက် ပိုမိုမြင့်တက် ခြင်းမရှိဘဲ အမေရိကန် ဒေါ်လာလဲနှုန်းသည် နိုဝင်ဘာလက တစ်ဒေါ်လာလျှင် ကျပ် ၁၃၅၅ ကျပ်ခန့်မှ ယခုလအတွင်း တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ်နီးပါးသို့ မြင့်တက်လာခဲ့သည်။

စက်သုံးဆီ လက်လီဈေးသည် ယခင်လအတွင်းက ဒီဇယ်တစ်လီတာလျှင် ၇၅၅ ကျပ်မှ ယခုအခါ ၇၈၅ ကျပ်သို့ လည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ယခင်က ၇၇၅ ကျပ်မှ ယခုအခါ ၈၀၅ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၇၆၀ မှ ယခုအခါ ၇၉၀ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ယခင်က ၈၀ဝ ကျပ်မှ ယခုအခါ ၈၃၀ ကျပ်သို့လည်းကောင်း၊ လက်ကားဈေးတွင် ဒီဇယ်တစ်လီတာလျှင် ၇၁၀ ကျပ်မှ ယခုအခါ ၇၅၀ ကျပ်သို့လည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၇၃၀ ကျပ်မှ ယခုအခါ ၇၇၅ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၀၅ ကျပ် မှ ၇၄၀ ကျပ်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၄၅ ကျပ်မှ ၇၈၀ ကျပ်သို့လည်းကောင်း မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပဈေးသည် ယခင်လကထက် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၇၀ ကျော်မှ ယခုအခါ ၇၂ ဒေါ်လာ ကျော်သို့လည်းကောင်း၊ အောက်တိန်း ၉၅ တစ်စည်လျှင် ယခင်က ၇၄ ဒေါ်လာကျော်မှ ယခုအခါ ၇၂ ဒေါ်လာကျော်သို့လည်းကောင်း၊ ဒီဇယ်တစ်စည်လျှင် ယခင်က ၇၁ ဒေါ်လာကျော်မှ ယခုအခါ ၇၄ ဒေါ်လာကျော်သို့လည်းကောင်း၊ အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် ယခင်က ၇၂ ဒေါ်လာကျော်မှ ယခုအခါ ၇၄ ကျော်သို့လည်းကောင်း မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

Ref; Yangon Bus Service

No comments:

Post a Comment