Latest News

Wednesday, December 20, 2017

ရေတာရှည်မြို့နယ်တွင် ကညင်သစ်လုံးကြီးများဖမ်းဆီးရမိ

ရေတာရှည်မြို့နယ်တွင် ကညင်သစ်လုံးကြီးများဖမ်းဆီးရမိ

ရေတာရှည် ဒီဇင်ဘာ ၂ဝ

         ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဆန်း မိုး နှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်  မြို့လှမြို့ဘိနယ်သစ်တောကြိုးဝိုင်း အတွင်း တရားမဝင်သစ်များခိုး ထုတ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ ကြီးမားသည့် ကညင်သစ်လုံး(၆)လုံး ၃၅.၆၆ဝ၂ တန်ကို ဖမ်းဆီးရမိခဲ့ သည်။ ဖမ်းဆီးရမိသည့်သစ်လုံးကြီးများမှာ ကြီးမားလွန်းသည့်အတွက် သတ်မှတ်နေရာသို့သယ် ဆောင်နိုင်ရေးနှင့် တရားမဝင်သစ်ခုတ်လဲ သူများကို ဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် ဆက်လက် စုံးစမ်းလျက်ရှိကြောင်းသိရသည်။ ကိုလွင်(ဆွာ)

No comments:

Post a Comment