Latest News

Wednesday, December 20, 2017

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ရဲဗလတပ်ခွဲရှိ သင်တန်းသားများအား တွေ့ဆုံသြဝါဒ စကားပြောကြား

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ရဲဗလတပ်ခွဲရှိ သင်တန်းသားများအား တွေ့ဆုံသြဝါဒ စကားပြောကြား

        ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၈၉/၂၀၁၆) ရဲသူရတပ်ခွဲနှင့် အမှတ်စဉ်(၉၀/၂၀၁၇) ရဲဗလတပ်ခွဲရှိ သင်တန်း သားများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တွေ့ဆုံလမ်းညွှန်သြဝါဒစကား ပြောကြားခဲ့သည်။

 အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် အောင်ဝင်းဦး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် ရဲအရာရှိကြီးများသင်တန်းသား/သင်တန်းသူ(၆၁၀)ဦးနှင့် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်(၂၆)ဦး တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် သြဝါဒစကားပြောကြားမှု အခမ်းအနားမှာ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနရုံးမှ သတင်းထုတ်ပြန်ထားသည်။

Ref;  ပြည်ထဲရေးဝန်ကြီးဌာန

No comments:

Post a Comment