Latest News

Saturday, December 23, 2017

မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ထားဝယ်၊ တနင်္သာရီနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား များ ပြန်လည်ရောက်ရှိ

မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ထားဝယ်၊ တနင်္သာရီနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား များ ပြန်လည်ရောက်ရှိ

 ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ ထိုင်း နိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှု  ကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၀၉၉၃ ဦး(ကျား ၉၂၃၂၆၊ မ ၆၈၆၆၇)တို့ ပြန်လည် ဝင်ရောက်လာခဲ့ ပါသည်။

 ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ၀၉၀၀ အချိန် မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၆ ဦး(ကျား ၉၇၊ မ ၃၉)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ (၁) ရပ်ကွက်ရှိ သွပ်ပြားပေါက်(ဒေသအခေါ်)မှ ၂၉ ဦး(ကျား ၁၈၊ မ ၁၁)၊ ထားဝယ်မြို့နယ် ထီးခီးနယ်စပ်ဂိတ်မှ ၈၂ ဦး (ကျား ၅၂၊ မ ၃၀)၊ တနင်္သာရီ မြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ၂၁၁ဦး(ကျား ၁၁၃၊ မ ၉၈)၊ ကော့သောင်းမြို့ နယ်စပ်ဂိတ်မှ ၆၄၁ ဦး(ကျား ၃၆၄၊ မ ၂၇၇)၊ စုစုပေါင်း ၁၀၉၉ ဦး(ကျား ၆၄၄၊ မ ၄၅၅)တို့ရောက်ရှိခဲ့ပါသည်။

 ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ ခဲယမ်း များ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။

Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment