မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းအတွင်းရှိ အတားအဆီးများအား ထိုင်းဘက်မှ စတင်ဖယ်ရှား ဆောင်ရွက်
တာချီလိတ် ဒီဇင်ဘာ ၂၂
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ရှိ တာချီလိတ်မြို့
နှင့် မယ်ဆိုင်မြို့တို့အကြားရှိ မယ်ဆိုင်-မယ်ဟောက်
ချောင်းအတွင်းရှိ ကျန်ရှိနေသည့် အတားအဆီးများ
အား ထိုင်းဘက်မှ ရှင်းလင်းဖယ်ရှားခြင်းကို ဒီဇင်ဘာ
၂၁ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားဆောင်ရွက်ရာတွင် တာချီလိတ်
ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး
မှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ဌာနဆိုင်ရာများ၊
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေး မှူး Mr.Paskom Boonyalug၊ မယ်ဆိုင်မြို့ပိုင်နှင့် နှစ်နိုင်ငံနယ်ခြားကော်မတီမှ တာဝန်ရှိသူများက တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်ရှိ အစည်း
အဝေးခန်းမ၌ ဆောင်ရွက်မည့် အစီအမံများအား
ရှင်းလင်းဆွေးနွေးပြီး ရေတားများရှင်းလင်းဖယ် ရှားမည့် နေရာများကို မြေပြင်ကွင်းဆင်းကြည့်ရှု သည်။
အဆိုပါ မယ်ဆိုင်-မယ်ဟောက်ချောင်းအတွင်းရှိ ရေတားများ ရှင်းလင်းဖယ်ရှားခြင်းကို မြန်မာ-ထိုင်း
နှစ်နိုင်ငံ မယ်ဆိုင်-မယ်ဟောက်ချောင်းရေခွဲဝေ
အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ
ဆပ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအရ ထိုင်းနိုင်ငံဘက်မှ ၎င်းတို့
ဆောင်ရွက်ထားသည့် တာချီလိတ်မြို့ ဆန်ဆိုင်း
(က)ရပ်ကွက်အနီး BRP-458(ဂရင်းဆိပ်)၊ ရန်အောင်မြေရပ်ကွက်အနီးBRP-392 (ငှက်ပျော
ဆိပ်)နှင့် ပုန်းထွန်ရပ်ကွက်အနီးBRP-492 (ဝါး
ဆိပ်)တို့ရှိ အတားအဆီးများအားလုံးကို ဒီဇင်ဘာ
၂၁ ရက်မှ ၃၁ ရက်အတွင်း ဖယ်ရှားဆောင်ရွက်
ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်ချောင်း
အတွင်း ငှက်ပျောဆိပ်နှင့် ဂရင်းဆိပ်အနီးတွင် ဝါး
ဖြင့် ယာယီရေတားဆောင်ရွက်မည့် အဆိုပြုချက်ပါ
ပုံစံအတိုင်း ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ
၃၁ ရက်အထိ ကာလအတွင်းသာ ဆောင်ရွက်ရန် သဘောတူထားရာ ယင်းယာယီ ဝါးရေတားများကို ၂ဝ၁၈ ခုနှစ် ဇွန် ၁ ရက်မှ ၇ ရက်အတွင်း အပြီး ဖယ်ရှားရမည်ဖြစ်ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
Friday, December 22, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment