Latest News

Friday, December 22, 2017

ရန်ကုန်တိုင်းဒေသကြီး သုံးမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး သုံးမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်  ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊  ဒဂုံမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ယမန်နေ့ည ၈နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ သိရသည်

ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဘုရင့်နောင် (၁) လမ်းနေ ပိုင်ရှင် ဒေါ်အန်ဂျမား ပိုင်ဆိုင်သည့်သွပ်မိုး ပျဉ်ထောင်အိမ်တွင်ဖြစ်ပွားသည့်မီးလောင်မှုမှာ ဖယောင်း တိုင်မီးထွန်းထားရာမှအနီးရှိအဝတ်ပုံသို့    မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊  မီးလောင်ကျွမ်းမှုမှာ ည ၈ နာရီ မိနစ် ၄ဝ ခန့်ဖြစ်ပြီး  ရပ်ကွက်နေပြည်သုများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၈နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားကြောင်း သိရသည်။

အလားတူ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် အမှတ် (၅၂)Royal Yaw Min Gyi Condoတွင် ဦးခင်မောင်ဝင်းပိုင်ဆိုင်သည့် ရှစ်ခန်းတွဲ ခုနစ်ထပ်တိုက် ငါးလွှာရှိမီးဖိုခန်း၌ လူစောင့်မရှိဘဲ လျှပ်စစ်ဟင်းအိုးဖြင့်ဟင်းချက်ထားခဲ့ရာမှ အပူလွန်ကဲ၍မီးလောင်ခြင်းဖြစ် ကြောင်း၊  ည ၈ နာရီ မိနစ် ၄ဝ တွင် မီးစတင်လောင်ကျွမ်းပြီး ၈ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် မြလေးနွယ် (၂)လမ်းရှိ နှစ်ခန်းတွဲ   ငါးထပ်တိုက်လေးလွှာတွင်  ည ၈ နာရီ ၅ဝ မိနစ်ခန့်ကဖြစ်ပွားသည့်   မီးလောင်မှု အကြောင်းရင်းမှာ  အိမ်ခန်းတွင်သွယ်တန်းထားသည့် လျှပ်စစ်မီးခုံခံနိုင်ဝန်အားထက်ပိုမိုသုံးစွာရာမှ လျှပ်စစ်မီးခုံ အပူလွန်ကဲ၍မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင် မှုကြောင့် အိမ်ရှင် ဦးဘအေး၏ဖခင် ဦးဘငွေ အသက် (၉၅) နှစ်မှာ မျက်နှာ၊ နောက်ကျော၊ ညာလက်မောင်း၊ ညာလက်ဖျံ မီးဟပ်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

''မီးရှော့ဖြစ်တဲ့မီးဘုတ်ကိုကျောပေးပြီး အဘိုးကြီးကထိုင်နေတာသူ့သားကအပြင်ကိုသွားနေတဲ့အချိန်ဆိုတော့ အဘိုးကြီးတစ်ယောက်တည်းရှိတယ်၊ ဖြစ်ဖြစ်ချင်းဆေးရုံ တင်နိုင်ခဲ့တယ်၊ ဒါပေမယ့် မနက် ၄ နာရီလောက်မှာ ဆုံးသွားတယ်''ဟု နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦသန်းစိုးက ပြောသည်။

ဒေါပုံမြို့နယ်တွင် ဖြစ်ပွားသည့်မီးလောင်မှုကို မီးငြှိမ်း သတ်ယာဉ် ၁၃ စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရာသို့  ဒေါပုံမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်  ရဲတပ်ဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဆောင်ရွက် ပေးကြောင်း သိရသည်။                

 ဇာနည်မောင်

No comments:

Post a Comment