Latest News

Friday, December 22, 2017

ဆန်းချက်ဇ်အား ခေါ်ယူရန် မန်စီးတီး ဆန္ဒရှိနေဆဲဟုဆို

ဆန်းချက်ဇ်အား    ခေါ်ယူရန်     မန်စီးတီး ဆန္ဒရှိနေဆဲဟုဆို

မန်စီးတီးအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူဖို့ဆန္ဒရှိနေဆဲဖြစ်ပေမယ့် အဲဒီကစားသမားကို နောက်တစ်ကြိမ် ကမ်းလှမ်းရန်အတွက် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအထိ စောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အသက်(၂၉)နှစ်အရွယ်ရှိ ချီလီကြယ်ပွင့် ဆန်းချက်ဇ်ကို ခေါ်ယူဖို့ သြဂုတ်လအတွင်းက သဘောတူညီချက်တစ်ခုရရှိထားခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ဈေးကွက်မပိတ်မီမှာပဲ ပျက်သွားခဲ့ရပါတယ်။

ဒါကြောင့် မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာက အသင်းရဲ့တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ရန် နောက် ၁၈ လအတွင်း ဆန်းချက်ဇ်ကို ခေါ်ယူရေးနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိနေပါတယ်။ တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းမှာ ထိန်းသိမ်းထားရခြင်းဟာ အာဆင်နယ်အသင်း  အတွက် အမှားအယွင်းတစ်ခုအဖြစ် မန်စီးတီးအသင်းက နားလည်ထားပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာက မန်ယူအသင်းကို ၁၁ မှတ်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ဇ်ကို ခေါ်ယူဖို့ဆန္ဒရှိနေတဲ့အပြင် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာလည်း နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဆန်းချက်ဇ်ကို စာချုပ်ချုပ်ဆိုဖို့ သဘောတူညီထားခဲ့ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ အောင်မြင်မှုရှိလာမလားဆိုတာကတော့ အာဆင်နယ်အသင်းက ဆန်းချက်ဇ်ရဲ့နေရာကို အစားထိုးခေါ်ယူမယ့် ကစားသမားခေါ်ယူနိုင်မှသာ ထမြောက်အောင်မြင်မှာပါ။

အာဆင်နယ်အသင်းက မိုနာကိုတိုက်စစ်မှူး သောမက်လီမာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဆန်းချက်ဇ်ဟာ မန်စီးတီးအသင်းကို ရောက်ရှိလာမှာလည်းဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို ပီအက်စ်ဂျီအသင်းအပါအဝင် ဥရောပကလပ်အသီးသီးက ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့်  နည်းပြ ဂွါဒီယိုလာနဲ့ ပြန်လည်လက်တွဲဖို့များနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ယာယာတိုရေးဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန် ရှိနေပြီး ၂ဝ၁၈-၂ဝ၁၉ ရာသီအတွင်း ဗဟိုခံစစ်မှူးတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖို့ရှိနေပါတယ်။

ငွေကြယ်

No comments:

Post a Comment