Latest News

Thursday, December 28, 2017

တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားဖမ်းမိ

တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားဖမ်းမိ

     မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက် အကွက် ၄၃၅ တွင်တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားလုပ်နေသူကို သတင်းအရရှောင်တခင်ဝင်ရောက်ဖမ်းစည်းရာ တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားဆက်စပ်ပစ္စည်း၁၅မျိုးဖမ်းစည်းမိခဲ့သည်။

အဆိုပါဖမ်းစည်းရာတွင် အမှတ်၇ နယ်မြေရဲတပ်ဖွဲ့မှ ဒုတိယ ရဲအုပ်များဖြစ်ကြသော တေဇာအောင် ထက်ပိုင်စိုး စိုးထက် သံလျှက် မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူရုံးမှအကွက်မှူးများဖြစ်ကြသော ဦးကျော်နိုင် ဦးမြင့်ကျော် တို့မှ ဦးကျော်ဆန်း (၃၈)နှစ် နေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းစည်းခွင့်ဝရမ်းအမှတ် ၂၃/၂၀၁၇ဖြင့် မြန်မာစံတော်ချိန် ၁၅:၀၅ နာရီကဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားပစ္စည်း၁၄မျိုးနှင့်အတူ ငွေကျပ် ၇၉၅၀၀ကျပ်နှင့်အတူ ဖမ်းစည်းမိခဲ့သည်။

ထို့ကြောင့် တရားမဝင် နှစ်လုံးထီ သုံးလုံးထိ လောင်းကစားမှုဖြင့် ဦးကျော်ဆန်း (၃၈)နှစ် အားအမှုဖွင့်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ကျော်ထူး မန္တလေး

No comments:

Post a Comment