Latest News

Thursday, December 28, 2017

ကောလင်းမြို့နယ် ဥက္ကံကားလမ်း နတ်တောင်အနီးတွင် တုံဖုန်း ယာဉ်တစ်စီး တိမ်းမှောက်ရာတစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရဖြစ်ပွား

ကောလင်းမြို့နယ် ဥက္ကံကားလမ်း နတ်တောင်အနီးတွင် တုံဖုန်း ယာဉ်တစ်စီး တိမ်းမှောက်ရာတစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရဖြစ်ပွား

ကောလင်း  ဒီဇင်ဘာ  ၂၈

ကောလင်းမြို့နယ် ဥက္ကံကားလမ်းရှိ နတ်သျှင်တောင်အနီး တုံဖုန်းယာဉ် တစ်စီး ဒီဇင်ဘာလ၂၇ ရက်နေ့ ၁၂နာရီအချိန်ခန့်တွင် တိမ်းမှောက်ရာ တစ်ဦးသေဆုံးပြီး ၁၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ကောလင်းရဲစခန်းမှသိရသည်။

ကောလင်းမြို့နယ် ဥက္ကံသွားကားလမ်း နတ်သျှင်တောင်အနီး ယာဉ်တစ်စီး တိမ်းမှောက်နေရာသို့မြို့မရဲစခန်းမှူး ဒုရဲမှူးငွေမျိုးမြင့်နီ ၊တာဝန်မှူးရဲအုပ်ဇော်ထက်အောင် ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲဒုတပ်ကြပ် မြသန်းလင်း နှင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ ဥက္ကံဘက်မှ ယာဉ်မောင် နေအောင် ယာဉ်အမှတ်မပါမောင်းနှင်လာသော တုံဖုန်း ခေါင်းရှည် အပြာရောင်တစ်စီးမှာ ကားလမ်းပေါ်ခေါင်းတင်လျှက် လမ်းအားကန့်လန်အနေအထား တောင်မြောက် တိမ်းမှောက်နေလျှက် ရှိပြီးယာဉ်ပေါ်ပါရှိ ၁၂ ဦးဒဏ်ရာရရှိ၍ ကားဦးခေါင်းတွင် ထိုင်လိုက်လာသူဦးသံလုံး (၆၁)နှစ်ဦးခေါင်းကွဲဒဏ်ရာဖြင့်(၁)ဦးသေဆုံး နေကြောင်းတွေ့ရသဖြင့် ကောလင်းပြည်သူဆေးရုံးသို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်၍ (မစိုးရိမ်ရ)အတွင်းလူနာ အဖြစ်ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ယာဉ်မောင်းနေအောင်(၃၁)
နှစ်၊(ဘ)ဦးဖိုးတဲ ခေါတောရွာ၊ (မစိုးရိမ်ရ)ကောလင်းမြို့နယ်နေသူအား ကောလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။ငွေအိုး(ကသာ)

No comments:

Post a Comment