Latest News

Monday, December 11, 2017

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်

နေပြည်တော်  ဒီဇင်ဘာ ၁၁ ရက်

    နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကျင်းပမည့် နူစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် ရောင်းဝယ်ကြမည့် ကျောက်မျက်ရတနာကုန်သည်များသည် ရတနာကုန်သည်အမျိုးအစားအလိုက် တင်ပြရမည့် စာရွက်စာတမ်းအထောက်အထားများ ဝင်ကြေးငွေများ အာမခံစပေါ်ငွေများ ကျောက်တန်ဖိုးငွေ ပေးချေရမည့်ဘဏ်စာရင်းအမှတ်များ အား သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အဦးတွင် နိုဝင်ဘာ ၂၉ ရက်မှ စတင်၌ မှတ်ပုံတင် ဆောင်ရွက် ပြုလုပ်ပေးနေပြီး ဒီဇင်ဘာ ၁၁ ရက် နေ့အထိ ဝင်ခွင့်ကပ်ပြားများ ပြုလုပ်နေကြောင်း သိရသည် ။

‌    ယခု ကျင်းပသည့် ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉၀ တွဲ  ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ကြောင်း Myanma Gems Enterprise မှ သိရသည့်အပြင် ဝင်ကြေးငွေနှုန်းထားများမှာ ပြည်ပရတနာကုန်သည်တစ်ဦးလျှင် အမေရိကန် တစ်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေ ဖြစ်၎င်း ပြည်တွင်းရတနာကုန်သည်တစ်ဦး/ ကုမ္မဏီလုပ်ငန်းဆောင်ရွက်သူ တစ်ဦးလျှင် ခြောက်သောင်းကျပ် ဖြစ်၎င်း ရတနာဆိုင်ဝန်ထမ်း တစ်ဦး/ကျောက်အတွဲထိမ်းသူတစ်ဦးလျှင် သုံးသောင်းကျပ် ဖြင့်သတ်မှတ် ထားကြောင်း သိရသည် ။
‌                    ခွန်( ဝင်းပ)

No comments:

Post a Comment