Latest News

Monday, December 11, 2017

မန်းရွှေစက်တော်ဘုရားပွဲကာလအတွက် သန့်စင်ခန်းလုပ်ငန်းများ တင်ဒါခေါ်ယူ

မန်းရွှေစက်တော်ဘုရားပွဲကာလအတွက် သန့်စင်ခန်းလုပ်ငန်းများ တင်ဒါခေါ်ယူ

မင်းဘူး ဒီဇင်ဘာ ၁ဝ

၂ဝ၁၈ ခုနှစ်မန်းရွှေစက်တော်ဘုရားပွဲ တော်ကျင်းပချိန်တွင် အသုံးပြုရန် သန့် စင်ခန်းလုပ်ငန်းလုပ်ကိုင်လိုသူများအား တင်ဒါခေါ်လျက်ရှိပြီး မင်းဘူးမြို့ရှိ ရွှေစက် တော်ဘုရားဂေါပကအဖွဲ့ရုံးတွင် တင်ဒါ  လျှောက်လွှာ တစ်စောင်လျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းဖြင့် ဝယ်ယူ၍ ဒီဇင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ ရုံးချိန်အတွင်း       လျှောက်ထားနိုင်ကြောင်း မန်းရွှေစက် တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

''၂ဝ၁၈ ခုနှစ်ဘုရားပွဲတော်ကာလ အတွင်း သန့်စင်ခန်းလုပ်ငန်းတွေရဲ့ကြမ်း ခင်းဈေးနဲ့ စည်းကမ်းချက်တွေကို ကြော် ငြာသင်ပုန်းမှာ ကပ်ထားပြီးဖြစ်ပါတယ်၊လုပ်ငန်းလုပ်ကိုင်လိုသူတွေဟာ လုပ်ငန်း အလိုက်သတ်မှတ်ထားတဲ့ ကြမ်းခင်းဈေး ကို မြန်မာ့စီးပွားရေးဘဏ်၊ မင်းဘူးမြို့ မှာ ချလန်အမှတ် CF-000296 နဲ့ ပေးသွင်းရမှာဖြစ်ပြီး လုပ်ငန်းတင်ဒါ အောင်မြင်ပြီးပါက အဆိုပြုထားတဲ့ တန်ဖိုးကို ဒီဇင်ဘာ ၁၅ ရက်မှာ အကြေ ပေးသွင်းရမှာပါ၊ အထောက်အထား တင်ပြနိုင်မှသာ  မိမိတင်ဒါအောင်မြင်တဲ့ လုပ်ငန်းမှာဝင်ရောက်ပြင်ဆင်မှု ပြုလုပ် ရမှာဖြစ်ပါတယ်။ တင်ဒါလုပ်ငန်းအောင် မြင်သူဟာ လုပ်ငန်းဆောင်ရွက်ရာမှာ ပွဲတော်အစမှ အဆုံးတိုင် ဂေါပကရုံးက ချမှတ်ထားတဲ့ အဓိက စည်းမျဉ်း၊ စည်း ကမ်းတွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်'' ဟု  မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်ဦးဝင်းချိုက ပြောသည်။

ရေလောင်းအိမ်သာလုပ်ကိုင်ခွင့်ရ သောသူသည် လူတစ်ဦး၊ တစ်ကြိမ် အသုံးပြုခကို ရိုးရိုးရေလောင်းအိမ်သာ ငွေကျပ် ၁ဝဝ၊ ဘိုထိုင်အိမ်သာ ငွေကျပ် ၃ဝဝ နှုန်းကောက်ခံရမည်ဖြစ်ပြီး အသုံးပြု ခကို မြင်သာအောင်ချိတ်ဆွဲထားရမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။  

တင်ဒါ လျှောက်လွှာများကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီတွင်  မင်းဘူးမြို့  မန်းရွှေစက် တော်ဘုရား ဂေါပကရုံး၌ ဖွင့်ဖောက်ကြော်ငြာမည်ဖြစ်ကြောင်း  သိရသည်။ မေသူလွင် (မကွေးကိုယ်ပွား)

No comments:

Post a Comment