ဆိုးလ် ဒီဇင်ဘာ ၂၂
တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ဂျန်ချွဲမြို့၌် ရှစ်ထပ် အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းမှုတွင် သေဆုံးသူ ၂၉ ဦးထိမြင့်တက်ခဲ့ပြီး ၃ဝ ခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများအရ မီးလောင်ရာမှ အဆိပ်အတောက် ဖြစ်စေသော ဓာတ်ငွေ့များဖြစ်ပေါ်ခဲ့ခြင်းနှင့် အရေးပေါ် ထွက်ပေါက်လမ်း ကျဉ်းမြောင်းခြင်းတို့ကြောင့် သေဆုံးမှု နှုန်းမြင့်တက်စေခဲ့သည်ဟု ဒေသန္တရ မီဒီယာများက ဆိုသည်။
ဂျန်ချွဲမြို့သည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမည့် ပြုံချန်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၃ဝ ခန့် ရှိ ချွန်ချွဲစီရင်စု မြောက်ပိုင်းတွင် တည်ရှိသည်။
ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် အခင်းဖြစ်ပွားရာ အဆောက်အအုံသို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအန် ရောက်ရှိကာ မီးဘေးသင့်အိမ်ထောင်စုများအား တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၉ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ဝ ခန့် ရှိခဲ့သည်။
အဆိုပါအဆောက်အအုံ၏ ပထမထပ်တွင် ပြုပြင် မွမ်းမံမှုလုပ်ဆောင်ရာနေရာမှ မီးပွားများလွင့်စဉ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက၎င်းတို့၏ ထင်မြင်ချက်ကို ပြောကြားခဲ့သည်။
Ref; The Mirror Daily
No comments:
Post a Comment